Part 20 ( မင်းတစ်ယောက်တည်း)

3.7K 652 34
                                    

အပိုင်း ၂၀ ( မင်းတစ်ယောက်တည်း)

ဝူနန်မြို့တော်သည်က ချိုက်အန်းနှင့်ယှဥ်လျှင်တော့ သေးငယ်သည့် မြို့တော်တစ်ခုဖြစ်သည်။ သို့သော်လည်း တခြားမြို့တော်များနှင့်ယှဥ်လျှင်တော့ သာလွန်သည့်အဆင့်ပင်။ ထို့အပြင် နန်းတော်ရှိအဆောင်များ၏ အပြင်အဆင်က ချိုက်အန်းနန်းတော်လောက် မခမ်းနားသော်လည်း သူ့နေရာနှင့်သူတော့ တင့်တယ်နေသေးသည်။ လောလောဆယ်တွင်တော့ နန်းတော်ကြီးတစ်ခုလုံးနီးပါးက အနီရောင်ဖဲသားစများ ရွေရောင်ချယ်မှုန်းထားသော ကောင်းချီးမင်္ဂလာစကားလုံးများဖြင့် အဆောင်တော်တိုင်းတွင်ပြည့်နှက်နေလျက်ရှိသည်။

အန်းလုမှာ ချီရှန်း၏လက်မောင်းကိုသာ အသေဖက်တွယ်ထားရင်း နန်းတော်ကြီး၏နေရာတိုင်းအားကြည့်နေမိသည်။ ချီရှန်းက သူ၏လက်တစ်ဖက်ကိုမြှောက်လိုက်ရင်း အန်းလု၏ ချိတ်တွယ်ထားသောလက်အား စိတ်သက်သာရာရစေရန်အလို့ငှာ အသာပုတ်ပေးနေသည်။

ချင်းယာက ချီရှန်းတို့အား နန်းတော်ထဲရောက်သည်အထိကိုပင် သူမကရှေ့မှ ဦးဆောင်ကာလမ်းပြသည်။ ထို့နောက် သူမကအဆောင်တော်ကြီးတစ်ခုရှေ့တွင် ရပ်တန့်လိုက်ကာ ချီရှန်းတို့ဘက်သို့လှည့်လိုက်ပြီး ချီရှန်းအား ထပ်မံကာဂါရဝပြုလိုက်သည်။

"အရှင်ချီရှန်း.... ဒါကတော့ အရှင် အနားယူဖိူ့အဆောင်တော်ပါ။ ကျန်တဲ့သူတွေကိုတော့ ကျွန်မရဲ့ လူတွေက သီးသန့်အဆောင်တစ်ခုဆီကိုလိုက်ပို့ပေးပါလိမ့်မယ်။ ညဘက်မှာ ဧည့်သည်တော်တွေ အားလုံးအတွက် သီးသန့်တွေ့ဆုံညစာစားပွဲရှိပါလိမ့်မယ်။ ကျွန်မကပဲ လာရောက်ခေါ်ဆောင်ပေးပါ့မယ်။"

"အင်း....."

ချီရှန်းက ပြတ်သားသည့်စကားတစ်လုံးကို သာဆိုလိုက်သည်။ အန်းလုတို့ကိုတခြားအဆောင်တွေဆီသို့ ခေါ်ဆောင်သွားရန်သူမက သူမ၏လူများအား အမိန့်ပေးလိုက်သည်။

"ကျန်တဲ့သူတွေကိုတော့ သက်ဆိုင်ရာပြင်ဆင်ထားတဲ့ ဧည့်ဆောင်တွေဆီကိုလမ်းပြပေးလိုက်ပါ။"

"အမိန့်အတိုင်းပါ။"

သူမနောက်ရှိ အမျိုးသမီးငယ်နှစ်ဦးက အမိန့်ကိုနာခံသည့်အနေဖြင့် ခေါင်းငြိမ့်ကာ ဂါရ၀ပြုလိုက်ကြသည်။

LOVE, BUT HURT (Season 3)_ The Last Begin_[Completed] Where stories live. Discover now