၁၁၈။

2.2K 253 2
                                    

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

အပိုင်း ၁၁၈။

နောက်တစ်နေ့က တနင်္ဂနွေဖြစ်တဲ့အတွက် ရှန်းရီနဲ့ လုချင်းယီတို့နှစ်ယောက်လုံး စောစောမထ ထိပေ။ ကလေးတွေကတော့ အစောကြီး ခြံထဲမှာ ခွေးနှစ်ကောင်နဲ့ ကစားနေပြီး အဲ့ဒီမှာ ရွှီလည်း ရှိနေ၏။ မနက်ခင်းရဲ့ နေရောင်ခြည်ကြောင့် ချင်းယီ နိုးလာပြီး သူမယောင်္ကျားရဲ့ ရင်ခွင်ထဲကနေ ထွက်ဖို့ ကြိုးစားလိုက်သည်။

" ကလေးတွေတောင် နိုးနေပြီ....''
သူမက မျက်လုံးဖွင့်လိုက်ကာ ရှန်းရီကို ကြည့်ပြီး တိုးတိုးလေးပြောလိုက်၏။

" ငါးမိနစ်ပဲ....''
ရှန်းရီ ငြီးတွားလိုက်၏။ သူကတော့ သူမနားကနေ မခွာချင်ပေ။

" မရဘူး...ကလေးတွေကို အကြာကြီး စောင့်ခိုင်းလို့ မဖြစ်ဘူး....''

" ကောင်းပြီလေ.....''
ရှန်းရီ သက်ပြင်းချကာ သူမနှုတ်ခမ်းထက်မှာ အနမ်းတစ်ပွင့်ခြွေလိုက်ပြီး ရေချိုးခန်းထဲ ဝင်သွားတော့သည်။
လုချင်းယီ...ခေါင်းအုံးနောက်ကိုမှီလိုက်ကာ အပြင်ဘက်ကို ငေးကြည့်နေမိသည်။ အပြင်မှာတော့ နေတောင်ထွက်နေလေပြီ....ဒါပေမယ့် ဒီနေ့ကတော့ လွန်ခဲ့တဲ့ ခုနစ်နှစ်ကထက် အရမ်းကို ခြားနားလှပါလား.....

သူမအမေက ဒီလိုနေ့မှာ ကွယ်လွန်သွားခဲ့ပြီး....သူမကတော့ အနားမှာနေဖို့ အော်ဟစ်.. ငိုကြွေးခဲ့ရတဲ့ နေ့လေးပေါ့......
အတိတ်ရဲ့ ခါးသီးမှုကို သူမသတိရသွားတော့ သူမရဲ့ နှလုံးသားလေးက နာကျင်လာခဲ့သည်။
ဒီနေ့က သူမအမေ ကွယ်လွန်တဲ့ နှစ်ပတ်လည်နေ့ဖြစ်တဲ့အတွက် သွားရောက် ကန်တော့ရဦးမည်။

သူတို့ရဲ့ အခန်းနားလေးမှာ အသံတွေကြားတဲ့အတွက် လုချင်းယီ ထလိုက်ကာ အဝတ်ဝတ်လိုက်သည်။ အဆင်သင့်ဖြစ်ပြီဆိုမှ တံခါးကို ဖွင့်လိုက်တော့ ကလေးတွေက သူမဆီကို ပျော်ရွှင်စွာ ပြေးလာကြပြီး သူမကို လာဖက်၏။

" မောနင်းပါ...ကလေးတို့...''
ကလေးတွေရဲ့ ပြုံးပျော်နေတဲ့ မျက်နှာကြောင့် လုချင်းယီ....စောစောတုန်းက ဝမ်းနည်းနေတာတွေ လွင့်ပြယ်သွားရသည်။

" မောနင်းပါ....အန်တီချင်းချင်း......၊ အန်ကယ်ရွှီကပြောတယ် သားတို့ကို ကစားကွင်း ခေါ်သွားမယ်တဲ့ အန်တီရော လိုက်မလား.....?''
ဇီချန်က တက်ကြွစွာနဲ့ ပြောလာလေ၏။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now