Arc(2.16)

8.3K 1.4K 26
                                    

Unicode

Arc(2.16) - Saint Magus

လီလျိုကမေ့မြောနေသည့်အဲလ်ဗစ် ကိုသယ်ရင်းဖြင့်ငွေမီးလျှံဝံပုလွေရဲ့ ဆန့်ကျင်ဘက်ဦးတည်ရာသို့ကီလိုမီတာ အနည်းငယ်အကွာအဝေးရောက်သည် အထိပြေးသွားခဲ့လိုက်သည်။ဤအချိန် အတောအတွင်းမှာသူ့ပုခုံးကနွေးထွေး သည့်အရည်တစ်မျိုးဖြင့်စိုစွတ်နေသည် ဟုခံစားနေရပြီး၎င်းသည်အဲလ်ဗစ်ရဲ့ပါးစပ် မှအဆက်မပြတ်စီးကျနေသောသွေး များဖြစ်သည်။

လီလျိုမှာတကယ်လို့သူအဲလ်ဗစ် အခြေအနေကိုစစ်ဆေးဖို့သူ့ခြေလှမ်း တွေကိုရပ်လိုက်ရင်ငွေမီးလျှံဝံပုလွေက နိုးလာပြီးသူတို့ကိုလိုမှီလိမ့်မည်ဟုတွေး မိပြီးကြောက်လန့်ကာလမ်းတစ်လျှောက် လုံးစိတ်သောကရောက်နေခဲ့ရ၏။

လုံးဝဘေးကင်းလောက်မည့်နေရာသို့ ရောက်မှသာလီလျိုကသူ့ခြေလှမ်းများ ကိုရပ်တန့်လိုက်သည်။သူကအလျင်အ မြန်ပင်ဘေးပတ်ဝန်းကျင်အားလှည့် ပတ်ကြည့်၍လေ့လာလိုက်ပြီးရှေ့မှာ စိမ်းလန်းနေသည့်မြက်ခင်းတစ်ခုကို တွေ့လိုက်ရသောအခါချက်ချင်းပင် အဲလ်ဗစ်အားသူ့ပုခုံးပေါ်မှာထမ်းထား ရင်းဖြင့်လမ်းလျှောက်သွားလိုက်သည်။

အဲလ်ဗစ်အားမြက်ခင်းပေါ်မှာချပေးပြီး သောအခါအဲလ်ဗစ်ရဲ့မျက်နှာတစ်ခုလုံး ကသွေးဆုတ်ဖြူဖျော့နေသည့်မှာစက္ကူ ဗြောင်တစ်ခုလိုပင်ဖြစ်နေပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။အဲလ်ဗစ်ရဲ့ရင်ဘက် တစ်ခုလုံးကသွေးများဖြင့်စိုရွဲနေသည့် အပြင်လီလျိုရဲ့ကိုယ်ပေါ်ကအင်္ကျီအဖြူ သည်လည်းအဲလ်ဗစ်ရဲ့သွေးများဖြင့် ကြီးမားစွာစွန်းထင်းနေခဲ့သည်မှာကြည့် ရတာအလွန်ကိုတုန်လှုပ်ဖွယ်ကောင်း လှသည်။

လီလျိုမှာထိုသွေးများကိုကြောင်တောင် တောင်ကြည့်နေမိပြီးသတိလစ်နေဆဲ ဖြစ်သည့်အဲလ်ဗစ်ကသွေးချောင်းများ ဆိုးနေဆဲဖြစ်သည်ကိုမြင်လိုက်ရသည့် အခါသူ့ဦးနှောက်တစ်ခုလုံးဗလာဖြစ် သွားရတော့သည်။ဝတ္တုထဲမှာကျိန်းသေ ပေါက်မရေးထားသည့်ထိုဇာတ်ကြောင်း များကဘာလို့ရုတ်တရက်ဖြစ်ပေါ်လာရ လဲဆိုတာကိုသူမသိပေ။သို့သော်အရင် ကမ္ဘာမှာတုန်းကလည်းဇာတ်လမ်းထဲမှာ မပါသည့်ဇာတ်ကြောင်းတော်တော်များ ဖြစ်တတ်သည်ကိုပြန်စဉ်းစားလိုက်မိ သည့်အခါမှလီလျုမှာအလျင်အမြန် ပြန်တည်ငြိမ်သွားရသည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now