Chapter-10

23.1K 2.1K 35
                                    

Unicode

ဒီမနက်ခင်းမှာ မောင့်ကိုဖက်တွယ်ရင်း
နိုးထဖြစ်သည်။မောင့် မျက်ခုံးတန်း နက်နက်
တို့ကို ထိတွေ့ကြည့်တော့ ပြုံးမိတာလည်း
အခါခါ။ဒီနေ့က ကိုကို့မွေးနေ့ဆိုလည်း
ဟုတ်သည်။

"Morning မောင်"

မောင့်ရဲ့ပါးတစ်ဖက်ကို နမ်းမိတာပဲ။
ဖက်တွယ်ထားတဲ့မောင့်ရဲ့လက်ကို အသာ
ဖယ်မပြီး ကုတင်ပေါ်မှဆင်းသည်။
မောင်နိုးသွားမှာစိုးလို့ ခြေလှမ်းကိုဖွဖွလေး
လျှောက် အခန်းတံခါးကိုအသာလေးဖွင့်
ပြီးနောက် အခန်းပြင်သို့ထွက်ဖြစ်သည်။

"Morning ကိုကို။Happy Birthday"

အနမ်းခံရတဲ့ ပါးတစ်ဖက်ကို ထိတွေ့ကြည့်
မိတော့ ပြုံးလည်းပြုံး၊ပျော်နေတာလည်း
ဖြစ်မည်။ဒါ ကိုကိုမနိုးခင်ကတည်းက
သော်ယံမောင် အရင်ဆုံး နိုးနေတာလည်း
ဖြစ်သည်။တစ်နေ့ကမှ ကိုကို့အခန်းအံဆွဲထဲ
မှာ ပစ္စည်းတစ်ခုသွားယူရင်း မထင်မှတ်ဘဲ
ကိုကို့ရဲ့မှတ်ပုံတင်ကတ်ပြားကိုတွေ့သည်။
မသိချင်ယောင်ဆောင်နေခဲ့ပေမဲ့ လက်ဆောင်
လည်းကြိုဝယ်ထားခဲ့ပြီးသား။

************

မွေးနေ့လည်းဖြစ်၊လပြည့်နေ့လည်းဖြစ်
ပြန်တော့ ကိုကိုက ဘုရားရှိခိုးသည်။
မောင်ရေချိုးပြီး ဘုရားခန်းဘက်ကို
ထွက်လာတော့ အသံချိုချိုနှင့်ဘုရားစာရွတ်
နေသည်က ကိုကိုပင်ဖြစ်သည်။အသံတိတ်
နှင့်ကိုကို့ဘေးမှာ ဝင်ထိုင်ကြည့်မိတာလည်း
တငေးတမော။ဒါ အေးချမ်းမှုမျိုးပဲ။
အချစ်မှာ ကန့်သတ်ချက်တွေမရှိဘူးလို့
နေရှင်းကပြောတယ်။
ဒါဆို ကျွန်တော် ရင်ခုန်မိတာပဲကိုကို။

"သော်ယံ၊ဟေ့ကောင် သော်ယံ မထသေးဘူးလား"

​အသားကုန်အော်ပြီး အပေါ်ထပ်ကိုတက်လာ
သည်က နေရှင်းဟန်။ကိုကို ဘုရားရှိခိုးနေတာ
ကို အနှောင့်အယှက်ဖြစ်မှာစိုးလို့ အမြန်ထပြီး
နေရှင်းကိုတားရသည်။

"ဟေ့ကောင် နေရှင်း..တိုးတိုးနေ"

"ဘာပြောတာလဲ သော်ယံ"

မောင့်အသံက ခပ်တိုးတိုးမို့ နေရှင်းမှာ
ဘာပြောမှန်းမသိ။
အသံကျယ်ကျယ်နှင့်အော်မေးမိတော့
နေရှင်းပါးစပ်ကို ပြေးပိတ်ပြီး အခန်းထဲသို့
အတင်းဆွဲခေါ်သည်။

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now