Chapter-11

22.4K 2.1K 102
                                    

Unicode

မောင့်ကိုချစ်နေလို့လည်း စိတ်ဆိုးစရာရှိ
ဆိုးရမှာပဲ။ချော့ဖို့က မောင့်တာဝန်ပါ။

  **********

အနောက်ကနေသိုင်းဖက်ပြီး တောင်းပန်
လာတဲ့မောင့်ကို ခွင့်မလွှတ်ချင်ပါ။
လူကို အသားလွတ်ကြီး ပျော်နေလားတဲ့။
သိပ်ပျော်နေတယ်လို့ ပြန်ဖြေတာကို
ကြားချင်လို့များလား။ငါ့မွေးနေ့မှန်း
ဘယ်လိုသိသလဲဆိုတာ စိတ်ဆိုးပြေ
မှပဲမေးမယ်။အခုတော့ချော့စမ်းမောင်ရေ။

"လွှတ် ငါ မင်းနဲ့စကားမပြောတော့ဘူး"

မောင့်လက်တွေကို အတင်းဖယ်ပြီးပြော
ပစ်တော့ မောင်က ပိုတိုးဖက်သည်။

"တောင်းပန်ပါတယ် ကိုကိုရယ်။
ကျွန်တော် တောင်းပန်ပါတယ်။
ကျေးဇူးပြုပြီး အဲဒီ မင်းဆိုပြီးမခေါ်ပါနဲ့"

"မသိဘူးကွာ လွှတ်၊မင်းနဲ့ဘာမှမပြောချင်ဘူး"

"အဲ့လိုမလုပ်ပါနဲ့ ကိုကိုရာ။နေရှင်းနဲ့ကိုကိုက
စကားတွေပြောပြီး ပျော်နေကြတာလေ။
ကျွန်တော်ကဘေးလူလိုပဲ။
သဝန်တိုတယ်။ကျွန်တော်မဟုတ်တဲ့
အခြားသူရှေ့မှာ ရယ်မပြပါနဲ့လားဟင်"

ဗုဒ္ဓေါမောင်က ငါ့ကိုသဝန်တိုတယ်လို့
ပြောလိုက်တာမဟုတ်လား။
ဝမ်းသာအားရပြန်မေးမိတော့ မောင်က
ရိုက်ချတတ်သည်။

"သဝန်တိုတယ်ဟုတ်လား"

"အင်း ဟုတ်တယ်..ကျွန်တော့် အစ်ကို
ဖြစ်နေလို့ သဝန်တိုတယ်"

"အင်း အစ်ကို..မောင့်အတွက်ငါက အစ်ကို"

ကိုကိုကအသံတိတ်တော့ ထပ်ငိုတာလည်း
ဖြစ်သည်။မောင့်လက်ပေါ် ပူနွေးနွေးဖြစ်
တော့ လက်ပေါ်မှာ ကိုကို့ရဲ့ မျက်ရည်စက်
တို့တင်ကျန်ရစ်သည်။ကိုကို့ခန္ဓာကိုယ်ကို
မောင်နဲ့မျက်နှာချင်းဆိုင်သို့ဆွဲလှည့်ဖြစ်
ကိုကိုကငိုသည်။ထုံးစမ်အတိုင်းအံကိုကြိတ်လို့၊
နှုတ်ခမ်းကလည်း တစ်သိမ့်သိမ့်တုန်ရှာသည်။

"မငိုပါနဲ့ကိုကိုရယ် ကျွန်တော်မှားပါတယ်။
နောက်ဆို အဲ့လိုတွေမပြောတော့ပါဘူးနော်။
မငိုပါနဲ့တော့။မွေးနေ့မှာမငိုပါနဲ့၊ခုနကလိုပျော်ပျော်လေးပဲနေပေးနော်"

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now