လူမျောက်ဖြူ (အပိုင်း - ၁)

134 18 0
                                    




ခရစ်သက္ကရာဇ် ငါးရာခြောက်ဆယ့်ကိုးလောက်မှာ
လူသိများခဲ့တဲ့အဖြစ်အပျက်တခုပေါ့။
လူတွေနားလည်ထားကြတာက တပ်မှူးချူယန်ဟာ ပုန်ကန်ခြားနားတဲ့အတွက် စစ်မြေပြင်မှာ လက်ရဖမ်းမိချိန်မှာခေါင်းဖြတ် ကွပ်မျက်ခံခြင်းလိုက်ရပြီး သူ့မိသားစုများပါ အကုန်သုတ်သင်ခံရရှာတယ်။ ဒါပေမဲ့ အတွင်းသိ အစင်းသိတွေထဲမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ထင်မြင်ယူဆချက်တွေ အမျိုးမျိုးပေးကြတယ်။ တချို့ကလည်းဒီလောက်တောင် မျိုးရိုးစဉ်ဆက် ရွှေနန်းတော်ထဲမှာ အယုံကြည်ရဆုံး အိမ်တော်အနေနဲ့ ရပ်တည်လာခဲ့တဲ့ ဂုဏ်မှမထောက် ကိုယ့်သေတွင်းကိုယ်တူးတာ ခံရတာနည်းသေးတယ်လို့ ပြောကြပေမဲ့ တပ်မှူးလေးချူယန်ရဲ့ မိတ်ဆွေအရင်းစာဆိုတော် ချန်ဆွန်ကတော့ ချူယန်ခမြာ သူ့ရဲ့ တောင်ပိုင်းတပ်မတော် တနေ့တခြားအင်အားကြီး လာတာကို ဘုရင်မင်းမြတ်က သံသယရှိရာကနေ အစပြုပြီး အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်လို့ သူပုန်အဖြစ်ကို မရောက်ချင်ဘဲ ချောင်ပိတ်တွန်းပို့ ခံရတာလို့ဆိုတယ်။ ဆိုခဲ့တဲ့ကိစ္စတွေအပြင် တပ်မှူးလေးချူယန် အသက်သုံးဆယ် မရှိတရှိလောက်မှာ သူ့ဘဝကိုလုံးလုံးကြီး ပြောင်းလဲသွားစေတဲ့ ကိစ္စတခု ဖြစ်ပွားခဲ့တာကိုတော့ ဘယ်သူမှ သိပ်မသိခဲ့ကြပါဘူး။ အဲဒီကိစ္စ ဖြစ်ပြီးသွားကတည်းက ချူယန်ဟာ အရင်လို မဟုတ်တော့ဘူး။ ခံစားကြင်နာတတ်တာမျိုး မရှိတော့ဘဲ အေးစက်မာကျောပြီး အပြောင်းလဲကြီး ပြောင်းလဲသွားတော့တယ်လို့ ဆိုကြတယ်။ ဒီကိစ္စမတိုင်ခင် တည်တံ့မှန်ကန်ကာ ကြင်နာတတ်ပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သူ့နယ်ကို အုပ်ချုပ်တတ်တဲ့တပ်မှူးဘဝကနေ အမြဲခါးသီးပြီး ကျားနာခဲခဲချင်နေတဲ့လူတယောက် ဖြစ်လာတောတယ်။ ချူယန်ကိုလက်ရဖမ်းမိပြီး အိမ်တော်တခုလုံးကို သုတ်သင်ခါနီးဆဲဆဲ ချူယန်ရဲ့သားကလေးကို ခိုးကယ်ထုတ်ကာ ဝှက်ထားနိုင်ခဲ့တဲ့ စာဆိုတော်ချန်ဆွန်ကတော့
ချူယန်ရဲ့ စရိုက်လက္ခဏာတွေကို ပြောင်းပြန်လှန်ပစ်ရုံမက နောက်ဆုံးမှာသေတွင်း အရောက်တွန်းပို့ခဲ့တဲ့ အဖြစ်အပျက်ရဲ့ တရားခံကတော့ "လူမျောက်ဖြူ" လို့ဆိုတယ်။ ဒီလူရဲ့အကြောင်းကို သူ့ဝတ္ထုတပုဒ်ထဲမှာမှာတောင် အရိပ်အမြွက်ထည့်ရေးထားပါသတဲ့။

ရသစုံလင် တရုတ်ဝတ္ထုတိုများWhere stories live. Discover now