နာကျင်မှုနဲ့ နိုးထရတဲ့ မနက်တွေက မဟာ့အတွက် ယဥ်ပါးနေခဲ့သည် ။ နွေးထွေးမှုမရှိ ၊ နူ့ညံ့မှုမရှိ ၊ သာယာမှုမရှိ တဲ့ ဘဝမှာ မဟာ နေသားကျနေခဲ့ပါပြီ ။ ခံစားချက်တွေက အသားကျသွားတာလား ၊ သေဆုံးသွားတာလား မဟာမစမ်းစစ်ချင် ၊ သေချာတာကတော့ ဒုတိယအကြိမ်ပျောက်ဆုံးသွားခဲ့ပြန်ပါပြီ ။
ပထမတစ်ခါ ခံစားချက်တွေ ပျောက်ဆုံးသွားတုန်းက ပြန်ရှာဖွေပေးခဲ့ပြီး ၊ ပျော်စရာတွေကိုဖန်တီးပေးတဲ့သူကပဲ ဒုတိယအကြိမ်ပျောက်ဆုံးစေခဲ့တာမလို့ ၊ ဒီတစ်ခါ အပြီးတိုင်ပျောက်ဆုံးသွားခြင်းမျိုးများလား ။
"ဟင်း"
ကိုက်ခဲနေတဲ့ ခန္ဓာကိုယ်ကြောင့် ညည်းငြူလိုက်မိရင်း လေထုထဲကနေ ရလိုက်တဲ့ ဆေးလိပ်အနံ့ကြောင့် ၊ အခန်းထဲမှာ တုနှိုင်းမောင်ရှိနေသေးသည်ထင်သည် ။
"နိုးပြီလား"
အေးစက်စက် မေးသံကြောင့် မဟာ လေးလံနေသော မျက်ခွံ့များကို အားတင်းကာဖွင့်ကြည့်လိုက်တော့ ၊ ဆိုဖာစက်တီခုံပေါ်တွင် bathrobe ကို ခါးစည်းကြိုးလျော့လျော့သာ ချည်၍ဝတ်ပြီးထားပြီး ၊ နောက်သို့မှီကာ ဆေးလိပ်သောက်နေတဲ့ တုနှိုင်းမောင် ။
မဟာ မည်သည့်စကားမှမဆိုချင်တာမလို့ မျက်လုံးပြန်မှိတ်ကာ နေနေလိုက်သည် ။
"မင်းငါ့ကို ဘယ်လောက်ယုံကြည်လဲ မဟာ"
တုနှိုင်းမောင်ရဲ့မေးခွန်းအဆုံး ၊ ညကအရိုင်းဆန်တဲ့ အနမ်းတွေရဲ့ကြောင့် ကွဲကာယောင်နေတဲ့ မဟာ့ရဲ့နှုတ်ခမ်းလေးမှာ သိပ်လှတဲ့ အပြုံးကို ဖြစ်သွားစေသည် ။
မပြုံးစမ်းနဲ့ ငါအကြိမ်ကြိမ်သေလို့မဟာ ၊ မင်းရဲ့အဒီအပြုံးမှာ ငါအကြိမ်ကြိမ်သေတာမလို့ ၊ ငါ့ကိုရူးသွားအောင် ပြုစားဖို့ မင်းရဲ့အပြုံးတစ်ခုနဲ့တင် လုံလောက်တယ် ။ ဒါပေမယ့် အဒီအပြုံးတွေ အရင်လို မဟုတ်ပဲ အေးစက်သွားတာ ငါစိတ်ထင်နေတာမလား ။
ရှည်လျားတဲ့ မျက်တောင်လေးတွေအောက်က ဖွင့်ကြည့်လာတဲ့ မဲနက်နက်မျက်ဝန်းတစ်စုံက အေးစက်စွာ ၊ အခင်းကို ဆွဲလျက် အားပြုကာ ထထိုင်လိုက်ရင်း နာကျင်နေမှုကို လစ်လျူရှုထားပြီး
YOU ARE READING
Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-Complete
Romanceယုံကြည်မှုကလည်းအချစ် နားလည်မှုကလည်းအချစ် ပေးဆပ်မှုကလည်းအချစ် ခွင့်လွတ်မှုကလည်းအချစ် ဟု ဆိုခဲ့သော် ပြောင်းပြန်အချိုးကျခဲ့တဲ့ချစ်ခြင်းတစ်ခုရဲ့ အဆုံးသတ်က ဘယ်လိုဖြစ်မလဲ? . . . . . ယုံကြည်မှုကလည်းအချစ် နားလည်မှုကလည်းအချစ် ပေးဆပ်မှုကလည်းအချစ် ခွင့်လွတ်မှုကလည်...
