Chapter - 79

34.2K 4.2K 466
                                    

#Unicode

ရွာလေးရဲ့ထိပ်မှာရှိတဲ့ လယ်ကွင်းပြင်ကြီးထဲမှာ လုယီလေးတစ်ယောက် ပျော်ရွှင်စွာပြေးလွှာနေလေရဲ့ …

" ကိုကို…  ဒီပန်းပန်းက ဘာပန်းယဲဟင် "

" အဲ့ဒါ နှင်းပန်းလို့ခေါ်တယ် … သခင်လေးအတွက် "

လက်တစ်ဖက်မှာကိုင်ထားတဲ့အဖြူရောင်ပန်းတွေကို လုယီလေးထံကမ်းပေးလိုက်တော့ လုယီလေး လွန်စွာပျော်ရွှင်သွားလေတယ်  …

ငယ်စဉ်ကတည်းကအဖော်မဲ့ခဲ့ရှာတဲ့ မန်ဂိုယောင်းဆိုတဲ့ကလေးငယ်ဟာ မျက်နှာထားတည်ကြည်ပြီး စိတ်နှလုံးသားနူးညံ့သလို အရွယ်နှင့်မလိုက်အောင် ရက်ကျပ်လွန်းသူလဲဖြစ်တယ် … ကစားဖော်ရှာနေတဲ့ လုယီလေးနဲ့တွေ့တဲ့အခါမှာတော့ ငယ်ရွယ်ပေမဲ့သွက်လက်တဲ့ လုယီလေးကို ချစ်ခင်လေးစားသလို သခင်တစ်ယောက်ပမာ တန်ဖိုးထားပြီးဆက်ဆံလေတယ် …

လုယီလေးပျော်ရွှင်သွားတာမြင်တော့မှ ဂိုယောင်း စိတ်ချမ်းသာသွားပြီး လက်ထဲက ပေါက်တူလေးနဲ့ သူ့မိခင်ခိုင်းထားတဲ့ လယ်ကွင်းထဲက သစ်ဥအနည်းငယ်တူးဖော်ပြီးနောက် လွယ်တဲ့ချင်းလေးထဲထည့်ကာ အိမ်ပြန်ဖို့ပြင်လေတော့တယ် …

" သခင်လေး … ကျွန်တော်ပြီးပြီ …

အိမ်ပြန်ရအောင် "

" YiYiပြန်ချင်သေးဘူး … ပန်းပန်းတွေခူးချင်သေးတယ် …

ပါပါးနဲ့ဒယ်ဒီကိုပေးဖို့ "

လုယီလေးက ခြောက်ကမ်းပါးပေါ်မှာရှိတဲ့ပန်းပင်ဘက်ကိုသွားနေတာမြင်ရတော့ ဂိုယောင်းအမြန်တားလိုက်လေတယ် …

" ကျွန်တော်ချိုးပေးပါ့မယ် … အပင်ကနည်းနည်းမြင့်ပြီး ခြောက်ကမ်းပါးမှာဆိုတော့ အန္တရာယ်များတယ်  … သခင်လေး ဒီမှာထိုင်နေ "

လုယီလေးကိုသစ်ပင်အောက်မှာထားခဲ့ပြီး ခြောက်ကမ်းပါးမှာပေါက်နေတဲ့ အဖြူရောင်အပွင့်တွေနဲ့ဝေဆာနေတဲ့ပန်းပင်လေးထံ ထွက်လာခဲ့လေတယ် … ဒီပန်းက တစ်နှစ်မှ ဆောင်းရာသီ တစ်ကြိမ်ထည်းသာပွင့်လေ့ရှိပြီး လှပတဲ့ပန်းခိုင်က ခေါင်ဖြားမှာသာ ကျန်ရှိနေလေတယ် …

Mafia Is My Alpha ( Lion ) { Completed }Where stories live. Discover now