၁၂၀။

2.2K 259 2
                                    


❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

အပိုင်း ၁၂၀။

ဆန်းဥက္ကဌကြီးရဲ့ စကားတွေက ရှန်းရီရဲ့ နားထဲမှာ ကန့်လန့်ဖြစ်လို့နေသည်။ ဒီအဖိုးကြီးက သူရှိနေတာတောင် ချင်းယီကို ဘယ်လိုတောင် ပြောနိုင်ရတာလဲ....? ဆန်းမိသားစုက သူမအပေါ် နည်းနည်းလေးမှ မကောင်းနိုင်ဘူးလား....?

သူသိရသလောက်က ဆန်းဥက္ကဌကြီးရဲ့ တရားဝင်သမီး.....လုချင်းယီရဲ့အမေက ကားမတော်တဆနဲ့ ဆုံးသွားပြီးကတည်းက....ဆန်းကော်ပိုရေးရှင်းကို ဆန်းသခင်ကြီးရဲ့ တိတ်တိတ်ပုန်းသမီးတွေက အုပ်စိုးထားခဲ့ကြသည်။ တကယ်လို့ ချင်းယီသာ ဆန်းမိသားစုထဲကို ရုတ်တရက် ပြန်ရောက်သွားခဲ့ရင် အကုန်လုံး ကတောက်ကဆတွေဖြစ်ကုန်လိမ့်မည်။

လုချင်းယီ....မျက်နှာမဲ့လိုက်၏။အဲ့တာကြောင့် သူမ ပြန်မသွားချင်တာ...!

" ကျွန်မက ဘာလို့ ဆန်းမိသားစုထဲကို ပြန်သွားရမှာလဲ....? ဘာမျှော်လင့်ချက်နဲ့ သွားရမှာလဲ...?
အခု ကျွန်မက ရှန်းမိသားစုဝင် ဖြစ်နေပြီ......ဆန်းမိသားစုက ကျွန်မကို ဘယ်လောက်ပဲပေးပေး ရှန်းမိသားစုက အဲ့ထက်နှစ်ဆ ပေးနိုင်တယ်...!''

လုချင်းယီက ခေါင်းလေးမော့ကာ ဟန်နဲ့ပန်နဲ့ ပြောလာ၏။

ရှန်းရီကတော့ သူ့ဇနီးလေးရဲ့စကား​တွေကြောင့် ကျေနပ်လို့နေသည်။ ဘယ်လိုပဲဖြစ်ဖြစ် ရှန်းမိသားစုကတော့ ဆန်းရဲ့ အထက်မှာပဲ ရှိနေရမယ်.......
လုချင်းယီ ပြောသလိုပဲ ရှန်းမိသားစုက သူမလိုချင်တာ ဘာမဆို ဖြည့်ဆည်းပေးနိင်တယ်လေ...ဘာလို့လဲဆိုတော့ .....သူမက ရှန်းဥက္ကဌရဲ့ အရမ်းချစ်ရတဲ့ ဇနီးဖြစ်လို့်ပဲ....!

ဆန်းသခင်ကြီးက မယုံကြည်နိုင်ခြင်းတွေ ပြည့်နှက်လျက် မျက်ခုံးမြင့်တက်သွားသည်။ ချင်းယီက သူမအမေထက်တောင် ခေါင်းမာတာပဲ...! သူမအတွက် အကောင်းဆုံးအနာဂတ်ရဖို့ တွန်းအားပေးနေတာကို ဘာလို့နားမလည်ရတာလဲ....?တကယ်လို့ လီမိသားစုရဲ့ သခင်ငယ်လေးနဲ့သာ လက်ထပ်လိုက်ရင် သူအဒေါ်တွေရဲ့ နှိပ်စက်တာကို မခံရတော့သလို သူလည်း သူ့မြေးလေးကို  စိတ်ချလက်ချနဲ့ ထားသွားနိုင်ပေမည်။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now