စာစဉ် ၁ ( ၁ - ၁၂ )
27K 1.2K 53
အခန်း ၁ ။ စည်းခြားထားတဲ့ မင်းသားလေး (1)
“ငါ့အတွက်တော့ နင်နဲ့သာတစ်ဘ၀လုံးအတူရှိနေရရင် ပြည့်စုံပြီ”
“စည်းခြားထားတဲ့ မင်းသားလေး”
_________________________________
“၂နှစ်ကြာအောင် စောင့်လာပြီးတဲ့နောက်မှာ
ဂူယူရှန်းနဲ့ ငါ ပြန်တွေ့ခွင့် ရခဲ့ပြီ ။ ဒီနေ့ထိ ဒီအချိန်ထိ
သူ ငါ့ကို ဘာလို့ စောင့်နေခိုင်းခဲ့တာလဲလို့ သူ့ကို သွားမေးဖို့ လုပ်လိုက်ပေမယ့် သူကတော့ ငါ့ကို တစ်ချက်ပဲ ကြည့်ပြီး သူ့ဘေးကလူတစ်ယောက်ကို မေးလိုက်တဲ့စကားကလေ
“သူက ဘယ်သူလဲ” တဲ့ ....
ဒီစကားလေး ၅ လုံးက ငါ့မျက်လုံးထဲက မျက်ရည်တွေကို စီးကျလာစေဖို့ လုံလောက်သွားပါပြီ ။ ငါ အမျှော်လင့်တကြီး စောင့်ဆိုင်းနေခဲ့ရတဲ့လူက ငါ့ကို မမှတ်မိတော့ဘူးတဲ့”
------------------------------------
သူမနဲ့ ဂူယူရှန်း ထပ်ပြီး‌ဝေးရမည်ဟု ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့သည့်အကြောင်းတွေကို ချင်းကျီအိုက်
သူမရဲ့ ဒိုင်ယာရီလေးထဲမှာ ‌ရေးမှတ်နေခဲ့မိသည် ။
ဂူယူရှန်းရဲ့အိမ်မှာ သူမ ၂နှစ် ကြာအောင် နေရတော့မည် ။
--------------------------------
သူ့အိမ်မှာနေပြီး ၅ရက်မြောက်နေ့မှာမှ
ကျီအိုက်တစ်ယောက် ဂူယူရှန်းနဲ့ ဆုံခွင့်ရခဲ့ခြင်းပင် ။
ညဉ့်နက်သည့်ညတစ်ည...သူမ အိပ်ပျော်နေခဲ့သည့်အခ်ျိန် တစ်ယောက်ယောက်က သူမရဲ့ဘေးမှာ လှဲချလိုက်သည် ။ ဘေးနားကလှုပ်ရှားမှုတစ်ခုကြောင့် သူမလေး အလန့်တကြား နိုးသွားခဲ့ရသည် ။
ယောကျာ်းတစ်ယောက် သူမရဲ့ဘေးမှာ အိပ်ပျော်နေတာပဲ ....
အခန်းမီးကမှိန်နေတာကြောင့် ကျီအိုက်တစ်ယောက် သူမဘေးက ယောကျာ်းရဲ့မျက်နှာကို သဲသဲကွဲကွဲ မမြင်ရပေမဲ့ ဒီယောကျာ်းက ဂူယူရှန်းပဲဆိုတာ သူမ သိနေမိ၏....
သူတို့အချင်းချင်းမတွေ့ခဲ့ရတာ ၂နှစ်ကြာခဲ့ပြီ ။
အရင်တစ်ခါ ဗြုန်းစားကြီး တွေ့လိုက်ရလို့ ကတုန်ကယင် ဖြစ်မိသွားပြီး “ဘယ်တုန်းကပြန်ရောက်တာလဲ” ဆိုတဲ့စကားကို မေးမထွက်မိခဲ့ ...