Chapter-12

20.8K 2K 56
                                    

Unicode

မောင့်အလာကို ကိုကိုစောင့်နေရတာလည်း
ဖြစ်သည်။အရင်နေ့တွေက နောက်မကျ
သလောက် မောင်က ဒီနေ့တော့ နောက်ကျ
သည်။နာရီကိုတကြည့်ကြည့်လည်းလုပ်ဖြစ်
နေရင်း မောင့်ကားကိုလည်း မျှော်ရသည်။
ဖုန်းခေါ်တော့လည်း မကိုင်ပြန်လို့ စိတ်ပူသည်။

"ဘာလို့ကြာနေတာလဲ.."

ကိုကိုပြောတုန်းပင်ရှိသေး ဘေး၌ရပ်လာ
သည်က မောင့်ရဲ့ကား။ခပ်မြန်မြန်ကားပေါ်
တက်မိတော့ ခါးပတ်ကို အရင်ဦးဆုံးပတ်
မိသည်။မောင့်ကို မကြည့်ဖြစ်သေးဘဲ
စကားလည်း တပြောပြော။

"ဒီနေ့မှ ဘာလို့နောက်ကျနေတာလဲမောင်"

မောင့်ဆီမှ ဖြေသံတို့ထွက်မလာ။
အသံတိတ်နေတော့ ကိုကိုကပဲ လှည့်ကြည့်
ရင်း ထပ်မေးဖြစ်သည်။

"မောင် ဘာဖြစ်နေတာလဲ"

မောင်က မျက်နှာကို တံခါးဘက်သို့
လှည့်ထားရင်း ကိုကို့ကိုလည်း ပြန်ပင်
ဖြေမလာခဲ့။ကိုကိုမေးနေတော့လည်း
တုတ်တုတ်မျှ မလှုပ်။မောင့်လက်ဆီသို့
အကြည့်ရောက်တော့ လက်ဆစ်မှာလည်း
ပေါက်ပြဲကာ သွေးတို့ပင်ထွက်လျက်။
ကိုကိုက စိုးရိမ်တကြီးနှင့်မောင့်လက်ကို
လှမ်းယူကြည့်တော့ ငြင်းချင်သေးသည်။

"ငြိမ်ငြိမ်နေစမ်း သော်ယံမောင်"

"ဒါ ဘာဖြစ်လာတာလဲ။မင်း ရန်ဖြစ်လာတာ
လား။အဲ့မျက်နှာကို ငါ့ဘက်လည်းလှည့်ဦး
သော်ယံမောင်"

"ကိုကိုကလည်း မောင်လို့ပဲခေါ်၊
သော်ယံမောင်လို့ မခေါ်နဲ့"

လေသံမာမာနှင့် သော်ယံမောင်လို့ ခေါ်တော့
သဘောမကျဖြစ်ကာ လှည့်ကြည့်လာသည်။
မောင်က ကိုကို့ဘက်သို့ မျက်နှာလှည့်လာရင်း
ပြောတော့ ကိုကို့မှာ မျက်နှာပျက်တာသိသိ
သာသာ။မောင့်မျက်နှာပေါ်မှ အညိုအမည်း
တို့စွဲနေသည့် ဒဏ်ရာဒဏ်ချက်တို့နှင့်
နှုတ်ခမ်းထောင့်စွန်း၌ပေါက်လို့ သွေးထွက်
နေတာလည်းတွေ့သည်။ကိုကို့မှာ ဘာမှလည်း ထပ်မပြောနိုင်။မောင့်မှာ ဒဏ်ရာဒဏ်ချက်
တွေနဲ့မို့ ဝမ်းနည်းစိတ်က လှိုက်ခနဲ
လှိုက်တက်လာတာလည်းဖြစ်သည်။
ဒါ ဖေဖေတို့ဆုံးပြီးကတည်းက ဝမ်းနည်း
လွယ်လာတတ်တဲ့စိတ်ပဲ။

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now