Part-3 UNICODE

910 70 2
                                    

ဒါနဲ့ ငါမေးချင်တာရှိတယ်"

"ဟုတ်ကဲ့ မေးပါ Host"

"တကယ်လို့ ငါက ဒီလိုဝိညာဉ်ကူးပြောင်းတာတွေကို မလုပ်ချင်တော့ဘူးဆိုရင် ဘယ်လို ဖြစ်သွားမှာလဲ"

"ဪ အဲ့ကိစွ အတွက်တော့ စိတ်မပူပါနဲ့၊
အတွေ့အကြုံရမှတ် တစ်သန်းပြည့်သွားရင်
လွတ်မြောက်ခြင်းဆေးရည်နဲ့ လဲလှယ်လို့ရပါတယ်၊ အဲ့အချိနိရောက်ရင် Hostဆနွရှိတဲ့ နေရာမှာ နေလို့ရပြီ"

ရှီဟယ် " တစ်သန်းတောင်လား၊ များလွန်းတယ်"

444 " (*_*)"

"အဓိက Systemနဲ့ ဆွေးနွေးပြီးတဲ့ နောက်မှာတော့ ကျွန်တော်တို့က Hostကို ငါးဆယ်ရာခိုင်နှုန်း အထူးလျှော့ဈေးပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်"

ရှီဟယ် "ဒါလည်း ငါးသောင်းတောင်၊ များသေးတာပံ"

444 " ဒါ အတော်လေး ချိုသာနေပါပြီ Host"

"ကောင်းပြီလေ ငါသဘောတူတယ်။

"ကောင်းလိုက်တာ၊ ဒါဆို အခု ကျွန်တော်တို့ စတင်ပြီး ကူးပြောင်းကြတော့မလား"

"အင်း ဟုတ်ပြီလေ
စလိုက်ကြတာပေါ့ ဒါလင်လေးရေ"

444 pov
' ငါ့ရဲ့ Hostက ငါ့ကို ဒါလင်လို့ ခေါ်သွားတယ်၊ ပျော်လိုက်တာ စိတ်လှုပ်ရှားလွန်းလို့ သေတော့မယ်
Ah...la la la '

အဲ့တာက ရှီဟယ် အတွက် မြူတွေထူထပ်နေတဲ့နေရာမှာ ဗရမ်းဗတာ လျောက်သွားနေရသလိုမ‌ျိုးပဲ။ သူ့စိတ်တွေက ရှုပ်ထွေးနေပြီး မျက်လုံးက ဖြေးညင်းစွာပွင့်လာတယ်။ ပြီးတော့ များစွာသော မှတ်ညဏ်တွေက သူ့ဦးနှောက်ထဲကို ဝင်လာခဲ့တယ်။

ဒီကမွာမှာ သူ့ရဲ့ နာမည်က ကျားချင် ဖြစ်ပြီး တော့
အသက်က ၂၅နှစ်ရြှိပီ။ သူငယ်ငယ်လေးထဲက မိဘနှစ်ပါးလုံးသေဆုံးသွားတာကြောင့် မိဘမဲ့ အဖြစ်ကြီး ပြင်းလာခဲ့ရတယ်။ သူ့ဘဝက ခက်ခဲကြမ်းတမ်းပေမယ့်လည်း သူဟာဖြောင့်မတ်ပြီး မှနိကန်တဲ့ လူငယ်တစ်ယောက်အဖြစ်ကြီးပြင်းလာခဲ့တယ်။
သူ့ရဲ့ အကျင့်စရိုက်က ရှက်ကြောက်တက်ပြီး
ကြင်နာတက်တယ်၊ ပြီးတော့ အလုပ်ကြိုးစားတဲ့ ကောင်လေးတစ်ယောက်၊ သူက သူ့ရဲ့ အချစ်စစ်ဖြစ်တဲ့ ကျိုးယန်ကို လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက ရှာတွေ့ခဲ့တယ်။ သူတို့နှစ်ယောက်က အရမ်းကို ချစ်ကြတယ်။

Strategy To Capture That Scum GongWhere stories live. Discover now