Arc(2.17)

8.9K 1.5K 4
                                    

Unicode

Arc(2.17) - Saint Magus

မြင့်မြတ်တဲ့အသီးရဲ့အနာပျောက်စေ သောအကျိုးသက်ရောက်မှုမှာအတော် လေးသိသာထင်ရှားလှသည်။အဲလ်ဗစ် ထိုအသီးကိုစားပြီးသည်နှင့်သူ့မျက်နှာ အရောင်အသွေးပါပုံမှန်ဖြစ်သွားယုံမက သူ့ရဲ့အသက်ရှုနှုန်းကလည်းပုံမှန်ပြန်ဖြစ် လာပြီးချောမွေ့လာသည်။

လီလျိုကအဲလ်ဗစ်ရဲ့ရင်ဘက်ကို နောက်တစ်ခါထပ်ထိလိုက်ပြီးပုံမှန် အတိုင်းအားပြင်းပြင်းခုန်နေသည့် နှလုံးခုန်နှုန်းကိုခံစားလိုက်ကြည့်လိုက်၏။

ကြည့်ရတာတော့အန္တရယ်မရှိလောက် တော့ဘူး။အဲလ်ဗစ်နိုးလာတာနဲ့သူ့ ခန္တာကိုယ်ပြန်လည်ကောင်းမွန်လာလိမ့် မယ်လို့ခန့်မှန်းရတာပဲလေ။

အခုအချိန်မှာတော့အဲလ်ဗစ်ကသူအလွန် အကျွံသုံးစွဲခဲ့သည့်စွမ်းအင်များကိုပြန်ကု စားနေပုံပေါ်သောကြောင့်မျက်လုံးများ ကိုမှိတ်ထားပြီးသတိမေ့နေဆဲဖြစ်သော် လည်းသူ့မျက်နှာကအလွန်အေးဆေး တည်ငြိမ်နေကာယခင်အခြေအနေက ရှိခဲ့သည့်နာကျင်မှုများပျောက်သွားပုံ ရသည်။

လီလျိကအဲလ်ဗစ်ရဲ့မျက်နှာကိုကြည့် ကာခဏမျှစဉ်းစားပြီးနောက်သူ့ရဲ့ထူး ဆန်းသည့်သံသယကိုစိတ်ထဲမှာပဲပြန် ထားလိုက်တော့သည်။သို့သော်လည်း အဲလ်ဗစ်သတိမေ့နေဆဲအချိန်မှာသူ့ကို ဖက်ပြီးနမ်းတဲ့အရာကတော့သူ့အားအခါ အားလျော်စွာဦးနှောက်ဗလာဖြစ်ဖြစ် သွားစေဆဲပင်။

အဲလ်ဗစ်ကသတိလစ်နေဆဲဖြစ်သော် လည်းတစ်ခြားယောကျာ်းလေးတစ် ယောက်ဆီကအနမ်းခံလိုက်ရသည့် ယောကျာ်းလေးတစ်ယောက်အနေနဲ့သူ့ နှလုံးသားအပေါ်အကျိုးသက်ရောက်မှု ကအင်အားကြီးမားသောဗုန်းတစ်လုံး ပေါက်ကွဲနှုန်းထက်မနည်းသောကြောင့် ခဏအတွင်းတော့မတည်ငြိမ်နိုင်ဘူးလေ။

လီလျိုကသူ့လက်ကိုဆန့်လိုက်ပြီးသူ့ ရဲ့နူးညံ့သောကိုယ်ပိုင်မျက်နှာအား ဆိတ်ဆွဲကာတွေးလိုက်မိသည်။

သူကအောက်ကနေရတဲ့gay အမျိုးအစားများလား?ဒါပေမဲ့သူ တကယ့်ကမ္ဘာမှာတုန်းကယောကျာ်း လေးတစ်ယောက်ကသူ့ကိုဝန်ခံတာတို့ တစ်ခြားထူးဆန်းတဲ့အရာမျိုးကတစ်ခါမှ မှမဖြစ်ဘူးတာ....ယောကျာ်းလေးမပြော နဲ့မိန်းကလေးတောင်သူ့ကိုကြိုက်တာမ ဟုတ်ဘူး......ခဏလေးနေဦး!

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now