အပိုင်း-၂၇ (Unicode)

7.6K 1K 165
                                    


ကားမှန်ပြတင်းဆီမှ နေခြည်ကတိုးဝင်လာတော့မှ ထက်မာန်ဦးနိုးလာတော့သည်။ ညလယ်က ၁၁၅မိုင်မယ် တစ်ခါနိုးသွားတာကလွဲလို့ တောက်လျှောက် ထက်မာန်ဦး အိပ်လျက်ကားပေါ်ပါလာတာ။ မန္တလေးရဲ့မနတ်ခင််းနေခြည်ဟာ စူးရှလွန်းလို့ ထက်မာန်ဦး ကားမှန်ပြတင်းလိုက်ကာကို ဆွဲပိတ်လိုက်မိတော့သည်။

"ဆိုင်ကယ်ကယ်ရီရှိတယ်.ဘယ်သွားမလဲ..ညီလေး..။"

မနတ်ခင်းရဲ့ ကျွဲဆည်ကန်ကားဂိတ်သည် စည်ကားလို့နေလေသည်။ ကားပေါ်က ဆင်းမည်ကြံသည်နှင့် အလုအယက် ဆွဲခေါ်ကြတဲ့ ဆိုင်ကယ်ကယ်ရီသမားတို့သည် မင်းတရားကြီးတိုင်းခန်းလှည့်လည်တာကို ကြိုဆိုကြသည့် အရပ်သားတွေနှယ်။

အလကားနေရင်း အဲ့လိုတွေးလိုက်မိတော့ ဘဝင်က မြင့်ချင်သွားပေမယ့် ထက်မာန်ဦးရဲ့ မျက်လုံးတွေက ဆိုင်ကယ်ကယ်ရီသမားတွေကို ကျော်ပြီးထက်မာန်ဦးကို လာကြိုမယ့် ကားအနက်ကြီးကိုသာ လိုက်ရှာနေမိတော့သည်။

"ဟေ့..မာန်!"

"ဟမ်..။"

အသံလာရာဆီမျက်လုံးက အလိုအလျောက် ရွေ့လျားလိုက်မိတော့ မလှမ်းမကမ်းမယ် ရပ်နေတဲ့ လွှမ်း။ အဖြူရောင်တီရှပ်ဗြောင်လက်တိုလေးနှင့် ဂျင်းဘောင်းဘီအပြာရောင်လေး ဝတ်ထားတဲ့ လွှမ်းဟာ မနတ်ခင်း နေခြည်နွေးနွေးအောက်မှာ လင်းလက်တောက်ပလို့နေသည်။

"လွှမ်း!!!"

လွှမ်းကိုမြင်သည်နှင့် ထက်မာန်ဦးသည် ဥမ္မာဒန္တီကိုလှမ်းမြင်တဲ့ သီဝိမင်းကြီးလို ကားပေါ်ကနေ ခုန်ပြေးဆင်းလေတော့သည်။ ဆိုင်ကယ်ကယ်ရီသမားတွေကြားမှ တိုးဝှေ့သွားလိုက်ရင်း လွှမ်းနားရောက်သွားတော့ ထက်မာန်ဦးကို လွှမ်းက စေ့စေ့စပ်စပ်ကြည့်သည်။

လူအုပ်ကြားမှ အတင်းတိုးဝှေ့ထွက်လာရတာမို့ ထက်မာန်ဦးပုံစံ က ကုန်းပေါ်ရောက်လာတဲ့ ငါးတစ်ကောင်လို ဟစိဟစိ။ ချွေးစေးတွေပါ ပြန်ချင်လာသည်။

"အနွေးထည်ကြီးမချွတ်သေးဘူးလား။ ပူတယ်လေ။"

လွှမ်းပြောမှ ထက်မာန်ဦး အနွေးထည်ချွတ်ဖို့ကို သတိရတော့သည်။ လွှမ်းကို မြင်တာနဲ့တင် ဝမ်းသာအားရနှင့် ပြေးချလာတာ။ မနတ်စောစောဖြစ်သည့်တိုင် မန္တလေးမြေရဲ့နွေက အသက်ဝင်လှသည်။ ထက်မာန်ဦး ခေါင်းစွပ်အနွေးထည်ကို ချွတ်ပြီး ခါးမှာပတ်လိုက်သည်။

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Where stories live. Discover now