Part - 28 (Unicode)

9.1K 264 23
                                        


[Unicode]
မနက်စောစောထ၍ မနက်စာစားကာ သူမနဲ့အတူတူ ကုမ္ပဏီသို့ကားဖြင့်လာခဲ့ကြသည်။အထွန်းတို့နှစ်
ယောက်ရဲ့ အခြေအနေကို လူတိုင်းသိသွားပြီဖြစ်
သောကြောင့် လျှောက်လှမ်းနေရသည့်လမ်းမှာ အရင်
ထက် မခက်ခဲတော့ပေ။အထွန်းတို့နှစ်ယောက်ကို
လူတွေအားလုံးလက်ခံလာကြကာ တစ်ချိူ့ဆို
အထွန်းတို့စုံတွဲကိုကြည့်ပြီး အားကျနေကြသောသူ
များလဲရှိသည်။သို့သော်.....လူတွေအထွန်းတို့နှစ်
ယောက်အပေါ်ဘယ်လိုထင်မြင်ချက်တွေပေးပေး
တစ်ယောက်နဲ့တစ်ယောက်ဟာအရမ်းကိုချစ်ကြတာမို့ ဘယ်သူခွဲခွဲတို့မကွဲသာဖြစ်သည်။

ကားပေါ်မှ အထွန်းနဲ့သူမအတူတူဆင်းလာပြီး ကုမ္ပ
ဏီထဲသို့ဝင်လာသောအခါ အားလုံးဟာအထွန်းတို့ကို
နှုတ်ဆက်သည့်သူကဆက်....အားကျနေကြသည့်သူ
ကအားကျနဲ့.....သူမတော့မသိ အထွန်းတော့မနေ
တတ်ပေ...။တစ်ခါတစ်လေကျလူတွေကိုရယ်ချင်မိ
သည်။အစတုန်းကတော့ အထွန်းကိုနားမလည်ပေး
နိုင်ကြဘဲ ရက်ရက်စက်စက်လူကိုပြောထားခဲ့ကြပြီး
အခုတော့ထိုလူတွေကပဲ အထွန်းကိုပြန်ပြီးအားကျ
နေကြရသည်။ဒါလဲ အထွန်းရဲ့ကုသိုလ်ကံလို့ပဲသတ်
မှတ်ထားလိုက်သည်။

"အထွန်း''

လမ်းအတူတူလျှောက်လာရင်း ရုတ်တရက်သူမ
အနောက်လှည့်ကာခေါ်လိုက်သောကြောင့် သူမကို
အထွန်းကြည့်လိုက်ကာ.....

"ဟုတ် မမမြတ်...အယ်...မှားလို့ ဥက္ကဌ''

မြတ်အရင်ကမှာထားသောစကားကိုမှ တသွေမသိမ်းလိုက်နားထောင်သော အထွန်းရဲ့စကားကြောင့်
ပြုံးမိသွားကာ....

"ရပါတယ်...မမမြတ်လို့ခေါ်လဲရပါတယ်''
"ဥက္ကဌပဲပြောထားတယ်လေ....လူတွေရှေ့ရောက်
ရင် ဥက္ကဌကို ဥက္ကဌလို့ပဲခေါ်ပါလို့ဆိုပြီး''
"အဲ့ဒါဆို အထွန်းအခုလို မမမြတ်ကို
ဥက္ကဌလို့ခေါ်တာကို မမမြတ်က မကြိုက်ဘူးဆိုရင်
ရော''

ထိုအခါ မြတ်ချစ်ရတဲ့ အထွန်းဆိုသောကလေးလေး
မှာ မြတ်ကိုအူကြောင်ကြောင်လေးကြည့်ကာ.....

"ဒါဆို အထွန်းက ဘယ်လိုခေါ်ရမှာလဲ''

ရုတ်တရက် အထွန်းအရှေ့တည့်တည့်နားသို့သူမ
ကပ်လာကာ အကျီ ၤကော်လန်ကိုသေချာခေါက်ပေး
၍ အရှေ့ဆံပင်လေးကို သူမလက်လေးဖြင့်ပွတ်သပ်
ပေးပြီး အထွန်းကိုကြည့်ကာ.....

သူမ သိေစ..... (Z+U)Where stories live. Discover now