Chapter (6-1) - မူလရည္႐ြယ္ခ်က္ကို မေမ့ပါဘူး (Zawgyi+Unicode)

5.8K 939 8
                                    

Chapter (6-1) – မူလရည္႐ြယ္ခ်က္ကို မေမ့ပါဘူး (Zawgyi+Unicode)

႐ႊယ္မိသားစုက ႐ုန္းရင္းဆန္ခတ္ျဖစ္ၿပီး သတိလစ္လုေမ်ာပါးျဖစ္ေနသည့္ ႐ႊယ္က်င္းရီကို အိမ္ထဲေပြ႕ခ်ီသြားၾကသည္။ ေရွာင္တုံးက သူမကို အေရးေပၚကုသေပးၿပီး ႏွလုံးအထူးကုဆရာဝန္ကို အျမန္လာၾကည့္ေပးရန္ ဖုန္းဆက္ေခၚလိုက္သည္။

႐ႊယ္ဇီ႐ႊမ္၏ ႐ႊယ္အိမ္ေတာ္မွ ထြက္သြားေရးအစီအစဥ္က မေအာင္ျမင္ေသာေၾကာင့္ သက္ျပင္းခ်လိုက္သည္။ ႐ႊယ္ဇီ႐ႊမ္က က်ိဳးယြင္ရွန႔္ကို အိမ္ေပၚသြားၿပီး ေျခလက္ေဆး၊ မ်က္ႏွာသစ္ဖို႔ ေျပာလိုက္သည္။ ႐ႊယ္က်င္းရီေရွ႕တြင္ သူ႔စိတ္ေတြက သံမဏိလိုမာေၾကာေပမယ့္ ဟြမ္ရီ၏ေရွ႕မွာ သူ႔စိတ္ေတြ ႏူးညံ့ကာ ဟြမ္ရီ၏မ်က္ရည္တစ္စက္ကိုပင္ မျမင္ရက္ေပ။

က်ိဳးယြင္ရွန႔္ သူ႔အိပ္ခန္းထဲက ေရခ်ိဳးခန္းထဲဝင္ၿပီး ေသာ့ခတ္လိုက္သည္။ သူက ေၾကာက္လန႔္ေနလို႔ ေျခေထာက္ေတြေပ်ာ့ေနသည္။ သူက ဘိုထိုင္အိမ္သာအဖုံးေပၚ ထိုင္ခ်လိုက္ၿပီး တဒိတ္ဒိတ္ခုန္ေနသည့္ရင္ဘတ္ကို ဖိထားရသည္။ System က ဒီအိမ္ကခြာရင္ သူ႔ဘဝအဆုံးသတ္မည္ဟု ျပင္းထန္သည့္ရာဇသံပို႔တာ ပထမဆုံးျဖစ္ၿပီး သူ႔ဘဝကလည္း ရွင္ျခင္းေသျခင္းမ်ဥ္းေပၚ ရပ္ေနခဲ့ရသည္။ အခုကိစၥက မထင္မွတ္ဘဲၿပီးသြားေတာ့ သူစိတ္ေလွ်ာ့လိုက္မွပဲ ဘယ္ေလာက္ေၾကာက္ေနသည္ကို ကိုယ့္ဘာသာသိေတာ့သည္။ သူ႔စိတ္ေတြက ထင္သေလာက္ မသန္မာေသးေပ။

ကံေကာင္းၿပီး ႐ႊယ္က်င္းရီက သူ႔ကို ကူညီေပးခဲ့သည္။ ႐ႊယ္က်င္းရီက အ႐ူးလို ေျမႀကီးေပၚလူးလွိမ့္ျပေတာ့ ႐ႊယ္ဇီ႐ႊမ္က သူ႔ကို ဒီအိမ္မွာ ဆက္ေနခြင့္ျပဳလိုက္သည္။ က်င္းရီက သူမအသက္ကိုေတာင္ ဂ႐ုမစိုက္ဘဲ ႐ႊယ္ဇီ႐ႊမ္ေဘး ေနခြင့္ရေအာင္ႀကိဳးစားခဲ့တာ ဒါက ေမာင္ႏွမေမတၱာမွ ဟုတ္ရဲ႕လား..။ ဒါဆိုရင္ ႐ႊယ္ဇီ႐ႊမ္ သူ႔အေပၚထားတဲ့အခ်စ္ကေကာ ဘယ္လိုမ်ိဳးလဲ..။

လူတစ္ေယာက္က သတိေမ့ရာက ျပန္သတိရလာၿပီးေနာက္ အျခားလူတစ္ေယာက္ကို နက္ရႈိင္းစြာခ်စ္ပါတယ္ဆိုတာ ျဖစ္ႏိုင္ပါ့မလား..။

ဒီေနရာမွာ ႐ႊယ္ဇီ႐ႊမ္ သူ႔အေပၚထားတဲ့အခ်စ္ကို 'နက္ရႈိင္းတဲ့အခ်စ္' လို႔ပဲ သူေခၚခ်င္သည္။ အရိပ္တၾကည့္ၾကည့္ႏွင့္ တစ္ခ်ိန္လုံး လိုက္ကပ္ေနေသာေၾကာင့္ျဖစ္သည္။ က်ိဳးယြင္ရွန႔္က ႐ႊယ္ဇီ႐ႊမ္ကို မယုံၾကည္ပါ။ သူ႔ကို အႏုနည္းႏွင့္ လွည့္ဖ်ားေနသည္ဟု သံသယဝင္သည္။ ဒါေပမယ့္ ခုလို နက္ရႈိင္းသည့္အခ်စ္ႏွင့္ သူ႔အေပၚျပဳမူလာေတာ့ တခါတေလ ရင္ခုန္သြားမိသည္ကိုေတာ့ မျငင္းႏိုင္ေပ။

ဒါက ဘယ္လိုဇာတ္ရႈပ္ပါလိမ့္။ က်ိဳးယြင္ရွန႔္ နားမလည္ႏိုင္ေတာ့ေပ။ ငါက မင္းကိုခ်စ္တယ္၊ မင္းက ငါ့ကိုမခ်စ္ဘူး၊ မင္းက သူ႔ကိုပဲခ်စ္တယ္၊ အခ်စ္ဂိမ္းကို ကစားေနၾကတာလား။ သူက မနက္ျဖန္ဆိုတာမရွိဘဲ ရွင္သန္ခဲ့ရသည္။ အခ်စ္၊ ၾကင္နာျခင္း၊ မိသားစု၊ အနာဂတ္စသည့္ သာမန္လူေတြ ပိုင္ဆိုင္သည့္အရာမ်ားက က်ိဳးယြင္ရွန႔္အတြက္ ေမွ်ာ္လင့္႐ုံကလြဲၿပီး မပိုင္ဆိုင္ႏိုင္ေသာ ဇိမ္ခံပစၥည္းလို႔ေတာင္ ေျပာလို႔ရသည္။

႐ႊယ္ဇီ႐ႊမ္ သူ႔အေပၚ မွားယြင္းသည့္ခံစားခ်က္ ဘယ္လိုစျဖစ္လာသလဲဆိုတာ မေျပာတတ္ေတာ့ေပ။ ႐ႊယ္ဇီ႐ႊမ္က အရင္က သူ႔ကို ဘာေၾကာင့္မုန္းသလဲဆိုတာ မသိသလို အခု သူ႔ကို ဘာေၾကာင့္ခ်စ္သလဲဆိုတာလည္း က်ိဳးယြင္ရွန႔္မသိေပ။ ႐ႊယ္ဇီ႐ႊမ္လိုသခင္ေလးက လူတစ္ေယာက္ကိုမုန္းတာ အေၾကာင္းျပခ်က္မလိုသလို ခ်စ္ဖို႔လည္း အေၾကာင္းျပခ်က္ မလိုသည့္ပုံျဖစ္သည္။ 24 နာရီအတြင္း အရမ္းခ်စ္သည့္အစ္ကိုႀကီးႏွင့္ မုန္းတီးစရာသခင္ေလးလို ေျပာင္းလဲေနတာေတာ့ တကယ္စိတ္ပ်က္ဖို႔ေကာင္းသည္။

ေျခေထာက္ေတြၿငိမ္သြားမွ က်ိဳးယြင္ရွန႔္က လက္ေကာက္ဝတ္က AI ကို တစ္ခ်က္စစ္လိုက္သည္။ ႐ႊယ္မိသားစုမွာ ဆက္လက္ေနထိုင္သြားႏိုင္လို႔ သူ႔ဘဝကို ဖ်က္ဆီးပစ္မည့္အစီအစဥ္က ခ်က္ခ်င္းရပ္ပစ္လိုက္ရသည္။ ဒါက သူ႔အတြက္ မွားယြင္းသည့္ သတိေပးခ်က္သာျဖစ္ေပမယ့္ system အတြက္ program တစ္ခုကို run ေနရင္း တစ္ဝက္ႏွင့္ အတင္းရပ္လိုက္ရေတာ့ energy အမ်ားႀကီးသုံးလိုက္ရသည္။ က်ိဳးယြင္ရွန႔္က သူ႔ဝိညာဥ္စြမ္းအားကို system ရဲ႕ ကာကြယ္ေရးစနစ္ထဲ ထိုးေဖာက္ဝင္ေရာက္ဖို႔ မေမ့ေပ။ System က သူ႔ဘဝကို ရပ္တန႔္ႏိုင္ခဲ့ရင္ စုပ္ယူလို႔ရတဲ့ energy ကို Lord God ရွိေနတဲ့အာကာသထဲ ျပန္ပို႔ေပးရမွာျဖစ္သည္။ ခုေတာ့ Run ေနသည့္ Program က တစ္ဝက္ႏွင့္ ရပ္လိုက္ရေသာေၾကာင့္ ဘာ energy မွမရသည့္အျပင္ system ကသုံးလိုက္ရသည့္ energy မ်ားပင္ ဆုံးရႈံးေပ်ာက္ကြယ္သြားေတာ့သည္။ ဒီအခ်က္က system ကို အားနည္းေစေသာ အခ်က္ျဖစ္သည့္အျပင္ system က ကစားသမား Host မ်ားကို မျပတ္ ေထာက္လွမ္းေနရေသာေၾကာင့္ ဒီအတြက္ energy ကို သုံးစြဲေနရသည္။ ဒါေၾကာင့္ system ၏ power က ပိုအားနည္းလာခဲ့သည္။

က်ိဳးယြင္ရွန႔္က သူ႔ Power ႏွင့္ system ၏ ကာကြယ္ေရးအလႊာထဲ ထိုးေဖာက္ဝင္ေရာက္ခဲ့တာ ခုနစ္လႊာအထိေရာက္ရွိလာေလၿပီ။ အကာကြယ္အလႊာက ဘယ္ႏွစ္ထပ္ရွိသည္မသိေပမယ့္ သူ႔ရဲ႕ power ေတြက ထိုးေဖာက္ဝင္ေရာက္ရန္ လုံေလာက္ေနေလၿပီ။ အကာအကြယ္ေတြကို ထိုးေဖာက္ၿပီး system ၏ဗဟိုထိ ေဖာက္ဝင္ကာ သူ႔စိတ္ဝိညာဥ္ႏွင့္ အစားထိုးႏိုင္ဖို႔ထိ က်ိဳးယြင္ရွန႔္ ေမွ်ာ္လင့္ထားသည္။ ဒီလိုအစားထိုးႏိုင္ရင္ သူက system ကို ထိန္းခ်ဳပ္ႏိုင္ေပလိမ့္မည္။ ဒီလိုလုပ္တာ ႏွစ္ရာေထာင္ခ်ီၾကာႏိုင္ေပမယ့္ က်ိဳးယြင္ရွန႔္က အေလွ်ာ့မေပးေပ။ တစ္ဘဝၿပီးတစ္ဘဝ ပါဝင္ကစားရင္း ေနာက္ဆုံး သူ႔ရဲ႕ power နဲ႔ system ရဲ႕ power ၾကားက ကြာဟခ်က္နည္းသြားတာၾကည့္ၿပီး ေက်နပ္ေနသည္။ System အားနည္းလာရင္ သူ႔လုပ္ရပ္ကိုေထာက္လွမ္းတာ ပိုအားနည္းလာမည္ဟု သူယုံၾကည္သည္။ System အားနည္းသြားရင္ ဒီ system ကို ပု႐ြက္ဆိတ္လို ခ်မြပစ္လိုက္ႏိုင္မွာ ေသခ်ာသည္။ ဒါဆိုရင္ သူ႔ဘဝက လြတ္လပ္သည့္ဘဝမွာ ေနထိုင္ႏိုင္ဖို႔ စိတ္ကူးယဥ္လို႔ရေလၿပီ။

အခုသူလုပ္ရမွာက system သံသယမဝင္ဖို႔၊ အားနည္းသြားဖို႔၊ သူ႔ကို အျပစ္ေပးႏိုင္ဖို႔ အမွားေတြဆက္လုပ္ေနဖို႔ပါပဲ။ အမွားလုပ္လို႔ အျပစ္ဒဏ္ေပးခံရတာ နာက်င္ေပမယ့္ သူ႔ဘဝလြတ္လပ္ဖို႔ ဒီေလာက္ေတာ့ စေတးခံဖို႔ သူမေတြေဝပါ။ က်ိဳးယြင္ရွန႔္က ဒီလိုေတြးၿပီး မ်က္ႏွာကို လက္ဝါးႏွင့္အုပ္ကာ ၿပဳံးလိုက္သည္။

ၿပီးေတာ့မွထရပ္ကာ ေဘစင္မွာ မ်က္ႏွာသစ္လိုက္သည္။

ေရခ်ိဳးခန္းအျပင္မွာ ႐ႊယ္ဇီ႐ႊမ္က စဥ္းစားေနရင္း ရပ္ေစာင့္ေနသည္။ အရင္ဘဝက သူက အထီးက်န္မာနႀကီးသည့္ စႏၵယားပညာရွင္ျဖစ္ခဲ့သည္။ သူ႔မိသားစုၿပိဳကြဲၿပီး ရာဇဝတ္မႈထဲ ပါဝင္ၿပီး အရွက္ကြဲရျခင္း၊ သူခ်စ္ရတဲ့ေကာင္ေလးကို သတ္ဖို႔လုပ္ခဲ့တဲ့ ေနာက္ဆက္တြဲအျဖစ္ ခ်စ္ရသူကို ဆုံးရႈံးရျခင္းဆိုသည့္ ေဝဒနာကို သူ ခံစားခဲ့ရသည္။ အခုဘဝမွာေတာ့ သူ ေသခ်ာသိေလၿပီ။ သူသာပိုႀကံ့ခိုင္ရင္၊ ပိုသန္မာရင္ ဒီေကာင္ေလးကို သူ႔မိသားစုလက္ထဲက ပိုကာကြယ္ေပးႏိုင္မည္၊ ႐ႊယ္ရန႔္လက္ထဲ ဒီေကာင္ေလးပါမသြားေအာင္ သူ ထိန္းသိမ္ထားႏိုင္မည္၊ သူခ်စ္တဲ့ေကာင္ေလး ေပ်ာ္႐ႊင္ေအာင္ သူ႔ရင္ခြင္ထဲမွာ သိမ္းဆည္းထားႏိုင္မည္ကို သိလာသည္။ ဒီလိုေတြးရင္း အာဏာ၏စြမ္းရည္ကို ပိုနားလည္လာသည္။ ၿပီးေတာ့ သူ႔ဘဝအတြက္ တန္ဖိုးအရွိဆုံးျဖစ္သည့္ တစ္ေလာကလုံးမွာ ဘယ္မွာမွ ဝယ္ယူလို႔မရသည့္ ခ်စ္ျခင္းတရားကို သူ ပိုနားလည္လာခဲ့သည္။

===============================
Chapter (6-1) – မူလရည်ရွယ်ချက်ကို မမေ့ပါဘူး (Zawgyi+Unicode)

ရွှယ်မိသားစုက ရုန်းရင်းဆန်ခတ်ဖြစ်ပြီး သတိလစ်လုမျောပါးဖြစ်နေသည့် ရွှယ်ကျင်းရီကို အိမ်ထဲပွေ့ချီသွားကြသည်။ ရှောင်တုံးက သူမကို အရေးပေါ်ကုသပေးပြီး နှလုံးအထူးကုဆရာဝန်ကို အမြန်လာကြည့်ပေးရန် ဖုန်းဆက်ခေါ်လိုက်သည်။

ရွှယ်ဇီရွှမ်၏ ရွှယ်အိမ်တော်မှ ထွက်သွားရေးအစီအစဉ်က မအောင်မြင်သောကြောင့် သက်ပြင်းချလိုက်သည်။ ရွှယ်ဇီရွှမ်က ကျိုးယွင်ရှန့်ကို အိမ်ပေါ်သွားပြီး ခြေလက်ဆေး၊ မျက်နှာသစ်ဖို့ ပြောလိုက်သည်။ ရွှယ်ကျင်းရီရှေ့တွင် သူ့စိတ်တွေက သံမဏိလိုမာကြောပေမယ့် ဟွမ်ရီ၏ရှေ့မှာ သူ့စိတ်တွေ နူးညံ့ကာ ဟွမ်ရီ၏မျက်ရည်တစ်စက်ကိုပင် မမြင်ရက်ပေ။

ကျိုးယွင်ရှန့် သူ့အိပ်ခန်းထဲက ရေချိုးခန်းထဲဝင်ပြီး သော့ခတ်လိုက်သည်။ သူက ကြောက်လန့်နေလို့ ခြေထောက်တွေပျော့နေသည်။ သူက ဘိုထိုင်အိမ်သာအဖုံးပေါ် ထိုင်ချလိုက်ပြီး တဒိတ်ဒိတ်ခုန်နေသည့်ရင်ဘတ်ကို ဖိထားရသည်။ System က ဒီအိမ်ကခွာရင် သူ့ဘဝအဆုံးသတ်မည်ဟု ပြင်းထန်သည့်ရာဇသံပို့တာ ပထမဆုံးဖြစ်ပြီး သူ့ဘဝကလည်း ရှင်ခြင်းသေခြင်းမျဉ်းပေါ် ရပ်နေခဲ့ရသည်။ အခုကိစ္စက မထင်မှတ်ဘဲပြီးသွားတော့ သူစိတ်လျှော့လိုက်မှပဲ ဘယ်လောက်ကြောက်နေသည်ကို ကိုယ့်ဘာသာသိတော့သည်။ သူ့စိတ်တွေက ထင်သလောက် မသန်မာသေးပေ။

ကံကောင်းပြီး ရွှယ်ကျင်းရီက သူ့ကို ကူညီပေးခဲ့သည်။ ရွှယ်ကျင်းရီက အရူးလို မြေကြီးပေါ်လူးလှိမ့်ပြတော့ ရွှယ်ဇီရွှမ်က သူ့ကို ဒီအိမ်မှာ ဆက်နေခွင့်ပြုလိုက်သည်။ ကျင်းရီက သူမအသက်ကိုတောင် ဂရုမစိုက်ဘဲ ရွှယ်ဇီရွှမ်ဘေး နေခွင့်ရအောင်ကြိုးစားခဲ့တာ ဒါက မောင်နှမမေတ္တာမှ ဟုတ်ရဲ့လား..။ ဒါဆိုရင် ရွှယ်ဇီရွှမ် သူ့အပေါ်ထားတဲ့အချစ်ကကော ဘယ်လိုမျိုးလဲ..။

လူတစ်ယောက်က သတိမေ့ရာက ပြန်သတိရလာပြီးနောက် အခြားလူတစ်ယောက်ကို နက်ရှိုင်းစွာချစ်ပါတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား..။

ဒီနေရာမှာ ရွှယ်ဇီရွှမ် သူ့အပေါ်ထားတဲ့အချစ်ကို 'နက်ရှိုင်းတဲ့အချစ်' လို့ပဲ သူခေါ်ချင်သည်။ အရိပ်တကြည့်ကြည့်နှင့် တစ်ချိန်လုံး လိုက်ကပ်နေသောကြောင့်ဖြစ်သည်။ ကျိုးယွင်ရှန့်က ရွှယ်ဇီရွှမ်ကို မယုံကြည်ပါ။ သူ့ကို အနုနည်းနှင့် လှည့်ဖျားနေသည်ဟု သံသယဝင်သည်။ ဒါပေမယ့် ခုလို နက်ရှိုင်းသည့်အချစ်နှင့် သူ့အပေါ်ပြုမူလာတော့ တခါတလေ ရင်ခုန်သွားမိသည်ကိုတော့ မငြင်းနိုင်ပေ။

ဒါက ဘယ်လိုဇာတ်ရှုပ်ပါလိမ့်။ ကျိုးယွင်ရှန့် နားမလည်နိုင်တော့ပေ။ ငါက မင်းကိုချစ်တယ်၊ မင်းက ငါ့ကိုမချစ်ဘူး၊ မင်းက သူ့ကိုပဲချစ်တယ်၊ အချစ်ဂိမ်းကို ကစားနေကြတာလား။ သူက မနက်ဖြန်ဆိုတာမရှိဘဲ ရှင်သန်ခဲ့ရသည်။ အချစ်၊ ကြင်နာခြင်း၊ မိသားစု၊ အနာဂတ်စသည့် သာမန်လူတွေ ပိုင်ဆိုင်သည့်အရာများက ကျိုးယွင်ရှန့်အတွက် မျှော်လင့်ရုံကလွဲပြီး မပိုင်ဆိုင်နိုင်သော ဇိမ်ခံပစ္စည်းလို့တောင် ပြောလို့ရသည်။

ရွှယ်ဇီရွှမ် သူ့အပေါ် မှားယွင်းသည့်ခံစားချက် ဘယ်လိုစဖြစ်လာသလဲဆိုတာ မပြောတတ်တော့ပေ။ ရွှယ်ဇီရွှမ်က အရင်က သူ့ကို ဘာကြောင့်မုန်းသလဲဆိုတာ မသိသလို အခု သူ့ကို ဘာကြောင့်ချစ်သလဲဆိုတာလည်း ကျိုးယွင်ရှန့်မသိပေ။ ရွှယ်ဇီရွှမ်လိုသခင်လေးက လူတစ်ယောက်ကိုမုန်းတာ အကြောင်းပြချက်မလိုသလို ချစ်ဖို့လည်း အကြောင်းပြချက် မလိုသည့်ပုံဖြစ်သည်။ 24 နာရီအတွင်း အရမ်းချစ်သည့်အစ်ကိုကြီးနှင့် မုန်းတီးစရာသခင်လေးလို ပြောင်းလဲနေတာတော့ တကယ်စိတ်ပျက်ဖို့ကောင်းသည်။

ခြေထောက်တွေငြိမ်သွားမှ ကျိုးယွင်ရှန့်က လက်ကောက်ဝတ်က AI ကို တစ်ချက်စစ်လိုက်သည်။ ရွှယ်မိသားစုမှာ ဆက်လက်နေထိုင်သွားနိုင်လို့ သူ့ဘဝကို ဖျက်ဆီးပစ်မည့်အစီအစဉ်က ချက်ချင်းရပ်ပစ်လိုက်ရသည်။ ဒါက သူ့အတွက် မှားယွင်းသည့် သတိပေးချက်သာဖြစ်ပေမယ့် system အတွက် program တစ်ခုကို run နေရင်း တစ်ဝက်နှင့် အတင်းရပ်လိုက်ရတော့ energy အများကြီးသုံးလိုက်ရသည်။ ကျိုးယွင်ရှန့်က သူ့ဝိညာဉ်စွမ်းအားကို system ရဲ့ ကာကွယ်ရေးစနစ်ထဲ ထိုးဖောက်ဝင်ရောက်ဖို့ မမေ့ပေ။ System က သူ့ဘဝကို ရပ်တန့်နိုင်ခဲ့ရင် စုပ်ယူလို့ရတဲ့ energy ကို Lord God ရှိနေတဲ့အာကာသထဲ ပြန်ပို့ပေးရမှာဖြစ်သည်။ ခုတော့ Run နေသည့် Program က တစ်ဝက်နှင့် ရပ်လိုက်ရသောကြောင့် ဘာ energy မှမရသည့်အပြင် system ကသုံးလိုက်ရသည့် energy များပင် ဆုံးရှုံးပျောက်ကွယ်သွားတော့သည်။ ဒီအချက်က system ကို အားနည်းစေသော အချက်ဖြစ်သည့်အပြင် system က ကစားသမား Host များကို မပြတ် ထောက်လှမ်းနေရသောကြောင့် ဒီအတွက် energy ကို သုံးစွဲနေရသည်။ ဒါကြောင့် system ၏ power က ပိုအားနည်းလာခဲ့သည်။

ကျိုးယွင်ရှန့်က သူ့ Power နှင့် system ၏ ကာကွယ်ရေးအလွှာထဲ ထိုးဖောက်ဝင်ရောက်ခဲ့တာ ခုနစ်လွှာအထိရောက်ရှိလာလေပြီ။ အကာကွယ်အလွှာက ဘယ်နှစ်ထပ်ရှိသည်မသိပေမယ့် သူ့ရဲ့ power တွေက ထိုးဖောက်ဝင်ရောက်ရန် လုံလောက်နေလေပြီ။ အကာအကွယ်တွေကို ထိုးဖောက်ပြီး system ၏ဗဟိုထိ ဖောက်ဝင်ကာ သူ့စိတ်ဝိညာဉ်နှင့် အစားထိုးနိုင်ဖို့ထိ ကျိုးယွင်ရှန့် မျှော်လင့်ထားသည်။ ဒီလိုအစားထိုးနိုင်ရင် သူက system ကို ထိန်းချုပ်နိုင်ပေလိမ့်မည်။ ဒီလိုလုပ်တာ နှစ်ရာထောင်ချီကြာနိုင်ပေမယ့် ကျိုးယွင်ရှန့်က အလျှော့မပေးပေ။ တစ်ဘဝပြီးတစ်ဘဝ ပါဝင်ကစားရင်း နောက်ဆုံး သူ့ရဲ့ power နဲ့ system ရဲ့ power ကြားက ကွာဟချက်နည်းသွားတာကြည့်ပြီး ကျေနပ်နေသည်။ System အားနည်းလာရင် သူ့လုပ်ရပ်ကိုထောက်လှမ်းတာ ပိုအားနည်းလာမည်ဟု သူယုံကြည်သည်။ System အားနည်းသွားရင် ဒီ system ကို ပုရွက်ဆိတ်လို ချမွပစ်လိုက်နိုင်မှာ သေချာသည်။ ဒါဆိုရင် သူ့ဘဝက လွတ်လပ်သည့်ဘဝမှာ နေထိုင်နိုင်ဖို့ စိတ်ကူးယဉ်လို့ရလေပြီ။

အခုသူလုပ်ရမှာက system သံသယမဝင်ဖို့၊ အားနည်းသွားဖို့၊ သူ့ကို အပြစ်ပေးနိုင်ဖို့ အမှားတွေဆက်လုပ်နေဖို့ပါပဲ။ အမှားလုပ်လို့ အပြစ်ဒဏ်ပေးခံရတာ နာကျင်ပေမယ့် သူ့ဘဝလွတ်လပ်ဖို့ ဒီလောက်တော့ စတေးခံဖို့ သူမတွေဝေပါ။ ကျိုးယွင်ရှန့်က ဒီလိုတွေးပြီး မျက်နှာကို လက်ဝါးနှင့်အုပ်ကာ ပြုံးလိုက်သည်။

ပြီးတော့မှထရပ်ကာ ဘေစင်မှာ မျက်နှာသစ်လိုက်သည်။

ရေချိုးခန်းအပြင်မှာ ရွှယ်ဇီရွှမ်က စဉ်းစားနေရင်း ရပ်စောင့်နေသည်။ အရင်ဘဝက သူက အထီးကျန်မာနကြီးသည့် စန္ဒယားပညာရှင်ဖြစ်ခဲ့သည်။ သူ့မိသားစုပြိုကွဲပြီး ရာဇဝတ်မှုထဲ ပါဝင်ပြီး အရှက်ကွဲရခြင်း၊ သူချစ်ရတဲ့ကောင်လေးကို သတ်ဖို့လုပ်ခဲ့တဲ့ နောက်ဆက်တွဲအဖြစ် ချစ်ရသူကို ဆုံးရှုံးရခြင်းဆိုသည့် ဝေဒနာကို သူ ခံစားခဲ့ရသည်။ အခုဘဝမှာတော့ သူ သေချာသိလေပြီ။ သူသာပိုကြံ့ခိုင်ရင်၊ ပိုသန်မာရင် ဒီကောင်လေးကို သူ့မိသားစုလက်ထဲက ပိုကာကွယ်ပေးနိုင်မည်၊ ရွှယ်ရန့်လက်ထဲ ဒီကောင်လေးပါမသွားအောင် သူ ထိန်းသိမ်ထားနိုင်မည်၊ သူချစ်တဲ့ကောင်လေး ပျော်ရွှင်အောင် သူ့ရင်ခွင်ထဲမှာ သိမ်းဆည်းထားနိုင်မည်ကို သိလာသည်။ ဒီလိုတွေးရင်း အာဏာ၏စွမ်းရည်ကို ပိုနားလည်လာသည်။ ပြီးတော့ သူ့ဘဝအတွက် တန်ဖိုးအရှိဆုံးဖြစ်သည့် တစ်လောကလုံးမှာ ဘယ်မှာမှ ဝယ်ယူလို့မရသည့် ချစ်ခြင်းတရားကို သူ ပိုနားလည်လာခဲ့သည်။

===============================

ရွှယ်ဇီရွမ် (Completed) (MM Translation)Where stories live. Discover now