Chapter-15

20.9K 2K 110
                                    

Unicode

ဒီနေ့ မဖြူခွင့်ယူထားတာတော့ ကိုကိုကပဲ
ဟင်းချက်ဖို့အတွက် ​ဈေးသွားဝယ်မှာဖြစ်သည်။

"မောင်ရေ ငါဈေးသွားမလို့"

​ကိုကိုက ဈေးခြင်းကိုလက်မှာချိတ်ရင်း
ပိုက်ဆံအိတ်ကိုကိုင်ကာ ဧည့်ခန်းထဲသို့
ဝင်လာသည်။ဝတ်နေကျပုဆိုးအစား
ချည်သားဘောင်းဘီအရှည်နှင့် တီရှပ်
ခဲရောင်ကို ဝတ်ထားပုံမှာ အသည်းယား
ဖွယ်အတိ။ဖုန်းသုံးနေရင်း ကိုကို့ဆီအကြည့်
ရောက်တော့ မောင့်မှာ အသက်ရှူဖို့ပင်မေ့လျော့
သည်။

"ငါပြောတာကြားလား မောင်။ငါဈေးသွားမလို့"

"ကျွန်တော်လိုက်ပို့မယ်"

"ရတယ် ဈေးကနီးနီးလေးပါ"

"ကိုကိုရလည်း ကျွန်တော်ကမရဘူး၊
စိတ်မချဘူး။ကားနားမှာစောင့်နေနော်
ကားသော့သွားယူလိုက်ဦးမယ်"

​ကိုကိုပြန်ပြောဖို့ပဲပြင်ကာရှိသေး မောင်က
လှစ်ခနဲ ပြေးထွက်သွားပြီဖြစ်သည်။

"ဘာလေးမှန်းမသိဘူး"

ကားနားမှာပဲ မောင့်ကိုသွားစောင့်ဖြစ်တော့
မကြာပါ ကိုယ်တော်က ပြေးထွက်လာသည်။

"သွားမယ်ကိုကို။နောက်ဆိုချစ်ဖို့ကောင်း
အောင် မဝတ်နဲ့"

ပြောပြီးတာနှင့် လက်၌ချိတ်ထားသည့်
ခြင်းကိုယူကာ ကားပေါ်သို့တက်သွားသည်။
မောင်ပြောမှပဲ ကိုယ်ဝတ်ထားတဲ့ပုံစံကို
ငုံ့ကြည့်မိသည်။ဘာမှလည်း မပြင်ဆင်ထား
ပဲနဲ့ မောင်ကဘာတွေပြောမှန်းလည်းမသိ။

"ကိုကို တက်လေ"

"အေးအေး တက်ပြီ"

                              ************

"မောင် ကားပေါ်မှာပဲစောင့်နေမှာမလား"

"ဟင့်အင်း ကိုကိုနဲ့လိုက်မှာ"

​ခြင်းတောင်းကိုယူပြီး ကားပေါ်မှဆင်းကာ
တံခါးလာဖွင့်ပေးသည်။

"တစ်ယောက်ထဲ စိတ်မချဘူး"

"ဟမ်"

"လာပါ ကိုကိုရယ်..နေမပူခင်လေးမြန်မြန်
ဝယ်ရအောင်"

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now