Chapter-16

19.7K 1.8K 35
                                    

Unicode

မောင့်စကားလုံးတွေအောက်..
မောင့်အပြုအမူတွေအောက်မှာ..
ငါက အကြိမ်ကြိမ်ကျရှုံးနေရပါတယ်ဆိုရင်
မောင်ယုံကြည်နိုင်ပါ့မလား....။

                         **********

​​ဈေးကနေ အိမ်ပြန်ရောက်တော့ မောင့်ကို
တန်းချော့ရသည်။စူပုပ်ပုပ် မောင့်မျက်နှာ
ထားက ရယ်ချင်စရာထက် ချစ်စရာပင်
ကောင်းသည်။

"မောင်ရယ် စိတ်မဆိုးပါနဲ့ကွာ"

ဘယ်လိုစိတ်ကောက်ရမလဲ တစ်လမ်းလုံး
တွေးလာတာနဲ့အမျှ အိမ်လည်းရောက်ရော
ဒီအတွေးတွေက ကြက်ပျောက်ဌက်ပျောက်
ဖြစ်ကုန်သည်။ချော့တာတဲ့ ရိုးရိုးတန်းတန်း
ချော့လည်းရရဲ့နဲ့လူကိုပွတ်သီးပွတ်သပ်လုပ်
ရင်း ချွဲတဲတဲလည်းမဟုတ် ဘယ်လိုလေးမှန်း
ပင်မသိ။လက်မောင်းသို့ ခေါင်းကိုမှီထားသေး
ရင်း အသံလေးကလည်း ပျော့လို့။ကြာရင်
ဒီသော်ယံမောင်က ဘာလုပ်မိမလဲမသိ။
သမာဓိအားမကောင်းတာ ကိုကိုတော့သိမယ်
မထင်။

"မောင် ငါချော့နေတယ်လေ"

"ဪ ဟုတ်ပါပြီဗျာ။ကျွန်တော်ကပဲ
စိတ်ဆိုးပြေပေးပါ့မယ်။တော်ကြာ ဒီလူကြီး
စိတ်ဆိုးသွားမှာစိုးလို့"

"အား..နာလိုက်တာ ကိုကိုကလည်း"

ကိုကိုက မောင့်ခေါင်းကို အားပါပါနဲ့ခေါက်လာသည်။လူကိုများ ဒီလူကြီးတဲ့ သူ့ထက်
တစ်နှစ်လေးပဲ ကြီးတာကို။အရင်က မခေါက်
ရက်ပေမဲ့ လူကို ပိုပိုချစ်လာအောင်လုပ်တဲ့
အပြစ်နဲ့ ခေါက်ပစ်လိုက်သည်။

"နာရင် နာတယ်လို့သာမှတ်"

ပြောပြီးတာနှင့် မီးဖိုချောင်ထဲကိုတန်းဝင်
သွားသည်။မောင့်မှာတော့ ကြိတ်ခါတပြုံးပြုံး၊
နာနေတဲ့ခေါင်းကိုလည်း ပွတ်ကာ အနောက်မှ
လိုက်ရသည်။

"လူလေးနဲ့တောင် မလိုက်ဘူး၊လက်စကလည်း
ပြင်းလိုက်တာ"

ခေါင်းကို လက်တစ်ဖက်က ပွတ်ရင်း
တစ်ဖက်က​ ဈေးခြင်းကိုဆွဲကာ ကိုကို့
အနောက်သို့ လိုက်ဝင်ရသည်။တော်ကြာနေ
မလာသေးလို့ဆိုပြီး ထပ်ခေါက်ခံရမှာ
ကြောက်လို့ မဟုတ်ပေမဲ့ လက်နုနုလေးတွေ
နာကုန်မှာစိုးလို့။

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now