2(Unicode)

2.7K 204 2
                                    

................

"အမ​ကျောင်းသားကဒ်​ထုတ်​ချင်​လို့"

အပြုံမျမျနဲ့​မေးလိုက်​သော အာကာ​ကြောင့်​အမ​ချောချာကြီးကလည်း ပြုံးလျက်​

"​မောင်​လေးတို့ကဘယ်​နှစ်​လဲ"

"ကျွန်​တော်​တို့က first year"

"ဒါဆို ဟိုဘက်​နား​လေးက အခန်း​နော်​မောင်​လေး ဒါက Final​တွေထုတ်​ပေး​နေတာမို့"

"ဟုတ်​ကဲ့အမ​ကျေးဇူးပါ"

အပြုံးချိုချိုနဲ့ နှုတ်​ဆက်​ကာ ပြန်​ထွက်​လာခဲ့တယ်​။ ထို E.C အမကြီးမှာလည်း သူ့​နောက်​ကျောဆီမှ​ရေခဲရုပ်​အား အကြည့်​များ ပို့ကာ​ပြော​နေ​ပေမဲ့လို့​ပေါ့။

​ကျောင်းသားကဒ်​ထုတ်​ရမည့်​အခန်း၌ လူအနည်းငယ်​ရှုပ်​၏။ ဒီရက်​ကြီးမှာ​တောင်​လူလာရှုပ်​နေ​သေးတယ်​ဟု သူနှာ​ခေါင်းရှုံ့မိပါသည်​။ ထိုခဏ ပန်း​ရောင်​အရိပ်​က​လေးတစ်​ခုအား မြင်​ချိန်​၌ သူ​ငေးမိ၏။ ထူးထူးခြားခြား ဝတ်​ဆင်​ထားခြင်းမရှိ။ ပုဆိုးနဲ့ လည်​ကတုံးအင်္ကျီကပင်​ဆွဲ​ဆောင်​မှုရှိ​သော အမျိုးသားဂုဏ်​ပုဒ်​ကို​ဖော်​နေ၏။ နက်​မှောင်​နေ​သော ဆံပင်​တိုတို က​ခေါင်းလိမ်းဆီ​ကြောင့်​စိုအိ​နေသည်​။ အသားအရည်​မှာ ဖြူစပ်​စပ်​မဟုတ်​ပါဘဲ​ရွှေဝါ​ရောင်​ဝင်း၏။

​သေချာပါသည်​။ သူ Gay မဟုတ်​ပါ။ ဒီအကိုကြီးကို မြင်​ရချိန်​တွင်​တော့ အဘယ်​သို့ အ​ဖြေရှာရ​တော့မည်​နည်း။ ဤအကိုကြီး အမည်​သိချင်​တယ်​။ ဒါသူရရှိလာ​သော​ရောဂါတစ်​ခုပင်​။

"ခုံနာမ်​ပါတ်​1778​နော်​"

အစ်​ကိုကြီး၏နှုတ်​ဖျားမှ ထွက်​လာ​သော အသံကြားရချိန်​၌ သူ့ နှုတ်​ခမ်း၌ အပြုံးပန်းတစ်​ပွင့်​ပွင့်​လန်းလို့လာ​ချေပြီ။

"တရုတ်​မ​လေးက​ချောပါတယ်​အသာငမ်း"

အာကာတို့၏ သတိ​ပေးစကားကြားရချိန်​မှသာ သူ​ဘေးသို့ကြည့်​မိ၏။ ဟုတ်​သည်​တရုတ်​မ​ချော​ချော​လေး တစ်​ယောက်​က သူနဲ့ ကပ်​ပြီးထိုင်​နေတာ။ သူကြည့်​နေစဉ်​မှာဘဲ ထိုတရုတ်​မ​လေးက အကိုကြီး၏လက်​အား လှမ်းရိုက်​ပြီး

Senpai is my BoyfriendWhere stories live. Discover now