8(Unicode)

1.8K 150 3
                                    

.................

ဈာန်​ညွှန်း တစ်​ယောက်​အ​တွေးများနှင့်​နစ်​မျော​နေ​လေတယ်​။ သူမယုံကြည်​နိုင်​သေး​ပေ။ ထို​ကလေးက သူ့ကိုကြိုက်​နေသည်​တဲ့။ သူ့ဆီက အနမ်းတစ်​ပွင့်​တောင်​ခိုးယူသွား​သေးတယ်​။ သူက​ရော ရင်​တွေခုန်​နေတာလား။
ထိုအချိန်​က သူအိပ်​မ​ပျော်​သေးပါ။ အိပ်​ပျော်​ရန်​ကြိုးစား​နေခြင်းသာ။ ထိုက​လေး သူ့အား ထိုင်​ကြည့်​နေသည်​ကိုလည်း သူသိ၏။ နမ်းလာလိမ့်​မည်​ဟု သူ မထင်​ခဲ့ပါ။​နောက်​ပြီး​ပြောသွား​သေးသည်​က အရမ်းချစ်​နေသည်​တဲ့။ ဒါ ဘယ်​လိုဖြစ်​နိုင်​မှာလဲ။ ချစ်​ရ​အောင်​သူကမိန်းက​လေး လည်းမဟုတ်​ပေ။ နုနုနွဲ့နွဲ့ အမျိုးသားလည်း မဟုတ်​။ သူ့အရပ်​ခြောက်​ပေနီးပါး ရှည်​ပါ၏။ ထို က​လေးနည်းတူ ကျစ်​လစ်​တဲ့ ခန္ဓာကိုယ်​နဲ့ပါဘဲ။ သူ့မျက်​နှာအသွင်​ပြင်​ကလည်း မိန်းမ​ချော​ချောခြင်း မဟုတ်​ပါ။ ခန့်​ညားသည်​ဟုသာ အမြဲချီးကျူး ခံရသည်​သာ။ ထိုက​လေးက အဘယ်​ကြောင့်​သူ့အား ချစ်​ရသနည်း။ သူနားမလည်​။ သူက​ရော ဘာ​ကြောင့်​စိတ်​လှုပ်​ရှား​နေရတာလဲ။

ဒီလိုပုံတိုင်း ဆက်​သွား၍ မဖြစ်​ပေ။ သူထို က​လေးနှင့်​ဝေး​ဝေး​နေမှရမည်​။ သူ့ခံစားချက်​များ မရင့်​သန်​မှီ သူ့ဘက်​က အ​နေအထိုင်​ဆင်​ခြင်​မှ ဖြစ်​မည်​။ ဤသို့ ဆိုလျှင်​ထိုက​လေး မကြာခင်​သူ့အား​မေ့သွားပါလိမ့်​မည်​။ ဤသည်​က သူတို့နှစ်​ဦး စလုံးအတွက်​အ​ကောင်းဆုံးပင်​။

"Mama please don't cry ....."

Phone မြည်​လာသံ​ကြောင့်​သူကြည့်​မိ​တော့ မင်းကမ္ဘာ ဆီမှ သူကိုင်​လိုက်​သင့်​လား။ မကိုင်​သင့်​ဘူးလား။ မည်​သို့ လုပ်​ရမည်​နည်း။ ဤသို့ ဆုံးဖြတ်​ရ ခက်​နေစဉ်​phone သံက ပြန်​၍တိတ်​ဆိတ်​သွား​လေ၏။ ခဏအတွင်း ပြန်​၍ မြည်​လာပြန်​၏။

:Hello

:ကိုဈာန်​စားပြီးပြီလား

:အင်း

:ကိုဈာန်​နေ​ကောင်းရဲ့လား

:ကောင်းပါတယ်​ဘာဖြစ်​လို့လဲ

:အသံက မ​ကောင်းလို့​လေ တစ်​ခုခုများ ဖြစ်​လို့လား ကျွန်​တော်​နောက်​နေ့​တွေ​ရော စာလာကျတ်​မယ်​နော်​

Senpai is my BoyfriendWhere stories live. Discover now