Chapter-18

19.3K 1.8K 40
                                    

​Unicode

​အတန်းထဲကနေ မူယာနဲ့အတူတူထွက်လာရင်း
မူယာမှ စကားစသည်။မောင့်ကို အတန်းထဲမှ
ထွက်လာပြီဖြစ်ကြောင်း စာရိုက်ပို့နေရင်း
မူယာ့ကိုလည်း ပြန်ပြောရသည်။

"သုထက် ငါတစ်ခုလောက်ပြောလို့ရမလား"

"အင်း ပြောလေမူယာ"

"တမျိုးတော့ မထင်နဲ့နော် သုထက်၊
နင့်အမျိုးတွေက နင့်ကိုခေါ်မထားကြဘူးလား။သော်ယံမောင်တို့က ဘာသွေးသားမှမတော်စပ်
တော့လေ"

"ငါ့မိဘတွေက ဆွေမျိုးမရှိဘူး မူယာ။
နှစ်ယောက်လုံးမိဘမဲ့ကျောင်းကနေ ကြီးခဲ့ကြတာ"

ကိုကိုက ဝမ်းနည်းဟန်တို့ မရှိ၊ပြုံး၍ ဖြေရှာ
တာလည်းဖြစ်သည်။မူယာလည်း ဘာစကားမှ
ဆက်မပြောဖြစ်တော့။သူ့ကြောင့်နဲ့ စိတ်ဆင်းရဲ
မှာကို မူယာ မလိုလားပါ။ဘယ်လောက်ပဲ ကိုကို့
ကိုပိုင်ဆိုင်ချင်နေမိပါစေ ရှေ့ဆက်ဖို့လည်း
မူယာ တွေဝေနေတုန်းပင်။

ပထမဆုံး ကိုကိုနဲ့အတူတူနေရမယ်ဆိုတော့
မောင် ငြင်းခဲ့တာက လူတစ်ယောက်ကို
သံယောဇဉ်တွယ်ပြီးမှ ခွဲခွာရမှာကို ကြောက်
လို့။လူကို မမြင်ရသေးတာတောင်
သုထက်ကိုကို ဆိုတဲ့နာမည်က မောင့်ရင်ထဲမှာ
စွဲငြိနေခဲ့တော့တာပဲ။

ကိုကိုနဲ့အတူ မူယာ လမ်းလျှောက်လာရင်း
ခပ်လှမ်းလှမ်း၌ ကားကိုမှီကာရပ်နေသည့်
သော်ယံမောင်ကို မူယာတွေ့သည်။
သေချာစိုက်ကြည့်နေတော့ မူယာလည်း
တစ်ခုခုလုပ်ဖို့ စဉ်းစားနေတုန်းပင်ရှိသေး
အနောက်မှ ဝင်တိုက်မိသည်ကြောင့်
ကိုကို့လက်သို့ လှမ်းဆွဲမိသည်။
ကိုကိုကလည်း မူယာလဲမကျအောင်
ဖမ်းဆွဲတော့ ဖက်မိသလိုပင်ဖြစ်သည်။

"တောက်!!"

ဒေါသတို့က ရုတ်ခြည်းဆိုသလို ထွက်
လာတော့ မောင့်မှာ မနည်းမျိုသိပ်ရသည်။
ခံစားချက်တို့ကို ဗလောင်ဆူဗြောင်းဆန်စေသည်။

"မူယာ ရရဲ့လား"

"ရပါတယ် ခြေထောက်ခေါက်သွားလို့
ကားနားထိတွဲပေးလို့ရမလား"

"ရပါတယ် အိမ်ရောက်ရင်ဆေးလိမ်းလိုက်နော်"

"အင်း"

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now