10(Unicode)

1.8K 136 0
                                    

...................

" ငါဘာလုပ်​ရမလဲ ဘယ်​ကိုထွက်​ပြေးရမလဲ ငါရူး​တော့မယ်​...အား..."

ဈာန်​ညွှန်းတစ်​ယောက်​အခန်းထဲ၌ အရူးလိုပင်​။မည်​သူ့ကို တိုင်​ပင်​ရမှန်း မသိရှာ။ ငါ​လေး သူငယ်​ချင်းအဲ့​လောက်​တောင်​ရှားသလား။

တဖက်​တွင်​တော့

ပြုံးမြမြ မျက်​နှာနှင့်​ကမ္ဘာ့ အားကြည့်​ကာ အ​ကြောင်းသိ ရဲမာန်​မှာ​တော့ ထသတ်​ချင်​နေပြီ။ မသိရှာ​သော အာကာခမျာ ကမ္ဘာ သွား​မေး​တော့လဲ 'သိချင်​တယ်​လား' ဟုသာ​ပြောပြီး ပြန်​မ​ဖြေ ရယ်​၍သာ​နေ​တော့ ခက်​သည်​။ ရဲမာန်​ပြေး​မေးပြန်​တော့လည်း 'ငါဘယ်​သိမလဲ သိချင်​ရင်​သူ့သွား​မေး' ဟုသာ ကမ္ဘာ့ အား​မေး​ငေါ့ပြ​လေ၏။

"ငုံး​ကောင်​တွေ ဒီရက်​လေးအတွင်းကို​ပြောင်းလဲ​နေကြတာ ငါဆဲမိ​တော့မယ်​"

"ဆဲပြီးပြီ​လေ အ​ဖေ့သား​လေးရယ်​"

သူတို့နှစ်​ဦးကသာ​ပြောဆို​နေ​ပေမဲ့ မင်းကမ္ဘာ တို့က​တော့ဖုန်းတစ်​လုံးနှင့်​ပီတိ​တောမှာ​မျော၍​နေ၏။

"ဟိုက အ​ပျော်​လုံးစို့​နေလို့ မ​ပြော​ပေမဲ့ မင်း​တော့ ငါ့ကို​ပြောပြပါကွာ​နော်​"

"တမတည်းသွားမ​နေပြီးမှ အခုမှ လာသိချင်​မ​နေနဲ့"

"မရတာ​ပေါ့ ချစ်​တာကိုးကွ ချစ်​တာကိုး မင်းတို့လို့​စောင်​FA​တွေက​တော့ ဒီခံစားချက်​တွေ သိမှာလား"

အာကာထိုသို့​ပြောလိုက်​ချိန်​တွင်​တော့ မင်းကမ္ဘာ​ခေါင်း​ထောင်​၍ လာကာ

"ဘယ်​သူက FA လဲ ငါ့ကို​ရော​ပြော​နေတာလား မင်းက မဆုလဲ့ဆီက အ​ဖြေရခဲ့ပြီမို့လို့လား"

"ဒါ​ပေါ့ အ​ဖြေမရ​သေး​ပေမဲ့ ငါဖွင့်​ပြောပြီးပြီ လုံးဝငြင်းမှာမဟုတ်​ဘူး "

"ဟား ဟား ဟား"

ကမ္ဘာ ၏​လှောင်​ရယ်​ရယ်​လိုက်​သံ​ကြောင့်​အ​ကြောင်းသိ ရဲမာန်​က မျက်​စောင်းလှမ်းခဲ​ပေမယ့်​အာကာက​တော့ နားမလည်​စွာဘဲ ကြည့်​နေရရှာ၏။ ဒီ​ကောင်​FA ဖြစ်​နေလို့ ခံစားရလွန်းပြီး ဦး​နှောက်​တစ်​ခန်းလွတ်​သွား​လေသလား။

Senpai is my BoyfriendWhere stories live. Discover now