12(Unicode)

1.8K 135 1
                                    

....................

"ကိုဈာန်​မနက်​ဖြန်​ဘယ်​သွားချင်​လဲ"

ထိုသို့​မေးလာခြင်းမှာ စာ​မေးပွဲပြီး၍ မဟုတ်​ရပါ။ သုံးဘာသာ​ဖြေပြီး နှစ်​ရက်​နား​သော​ကြောင့်​သာ။

"စာကျတ်​မယ်​ဘယ်​မှမသွားဘူး"

"အင်း ဒါဆို​နောက်​ဆုံး​နေ့​ဖြေပြီး ရင်​တော့ သွားမယ်​မလား"

"ဘယ်​သွားရမှာလဲ သွားစရာမှ မရှိတာကို"

"မသိဘူး သွားမယ်​ဆို သွားမယ်​နော်​ကိုဈာန်​"

လုံးဝကို မူနွဲ့၍​ပြောလာ​သော ကမ္ဘာ​ကြောင့်​သူ့တွင်​'အင်း' ဟုသာ တုံ့ပြန်​ရ​လေ၏။

သူတို့ ကားဆီသို့ မ​ရောက်​သေးပါ။​လျှောက်​လမ်းတွင်​လမ်း​လျှောက်​ရင်း​ဆွေး​နွေးလာခြင်းသာ။​တော်​သေး၏​ကျောင်းတွင်​သူ့လက်​အား မကိုင်​နဲ့ဟု မှာထား၍သာ။ သို့​သော်​သူ့ပုခုံးအား ဖက်​ထားပါ၏။ သူငယ်​ချင်း အချင်းချင်း လည်းထိုသို့ ဖက်​တက်​သဖြင့်​သူမ​ပြောလို​တော့​ပေ။ သို့​သော်​ဒါဟာလည်း fujoshi မများ၏ မျက်​လုံးမှ မလွှတ်​မြောက်​နိုင်​ပါ။

"ကမ္ဘာ"

သူတို့​နောက်​ဘက်​ဆီမှ ထွက်​လာ​သော အသံ​ကြောင့်​လှည့်​ကြည့်​မိကြ​လေ​တော့​မေသရဖီ။

"ကမ္ဘာ​ဖြေနိုင်​လား"

ထို Queen မမက သူတို့​ဘေးသို့​ရောက်​လာကာ ကမ္ဘာ့ အား စနိုက်​ကျော်​မည့်​အကြည့်​တို့နှင့်​။

"အင်း မဆိုးပါဘူး"

"ဖီ​တော့​လေ သိပ်​မ​ဖြေနိုင်​ဘူး စိတ်​ညစ်​လိုက်​တာ"

"​သြော်​"

ထိုသို့သာ​ပြောပြီး ကမ္ဘာ ကသူ့ကိုသာ အာရုံစိုက်​နေပြန်​၏။ ထို​မေသရဖီ က သူမအား နှစ်​သိမ့်​လာမည်​လား ဟူ​သော​မျှော်​လင့်​ချက်​အပြည့်​ပါ အကြည့်​တို့ ပို့လွှတ်​၍​နေ၏။
ကမ္ဘာ့ဆီမှ ဖြစ်​နိုင်​ချေ မမြင်​တွေ့ရ၍ ဈာန်​ညွှန်းမှာ အားနာသဖြင့်​နှစ်​သိမ့်​မည်​ပြုစဉ်​

"ကိုဈာန်​ကြေးအိုးစားမလား"

"အင်း စားမယ်​လေ"

Senpai is my BoyfriendWhere stories live. Discover now