13(Unicode) End

3.7K 193 12
                                    

....................

"အကုန်​ဖြေနိုင်​ခဲ့ရဲ့လား"

"အင်း မင်း​ရော​ဖြေနိုင်​ခဲ့လား"

ဈာန်​ညွှန်း​မေးလိုက်​တော့ ကမ္ဘာ ကရယ်​လျှက်​လက်​မ​ထောင်​ပြကာ

"မင်းကမ္ဘာ လေ ဘယ်​သူမှတ်​လို့လဲ​ဖြေနိုင်​တာ​ပေါ့"

"​တော်​တာ​ပေါ့"

"ဆု​လေး မချချင်​ဘူးလားဟင်​"

"ဟင်​ဘာဆုလိုချင်​လဲ​ပြော"

သူ ကမ္ဘာ အားကြည့်​လိုက်​တော့ ပါးတစ်​ဖက်​ဖောင်းပြကာ ထိုး​ပေးလာသည့်​ငနာ​ကောင်​လေး။ သူလက်​သီးဆုပ်​နဲ့ ဖွဖွထိုးကာ

"​ဝေး​ဝေးသွား အဲ့ဆုက ကြီးလွန်းတယ်​"

"ဟာဗျာ ကိုဈာန်​ကလည်း"

"ဘာလဲ​ပြော"

"ဒီ​နေ့​လျှောက်​လည်​မယ်​လို့ ဟီးး😁"

"ဘယ်​သွားမှာလဲ"

ထိုသို့​မေးလိုက်​တော့လည်း ကမ္ဘာ ခဏတာ ညိမ်​သက်​သွားပြီး

"စစ်​ကိုင်း သွားမလား"

"ဟင့်​အင်း"

"ဒါဆို ကိုဈာန်​ဘယ်​သွားချင်​လဲ"

"စွန်​ရဲအင်း"

"စွန်​ရဲအင်းမှာ ကြာပန်း​တွေကလွဲပြီး ဘာမှမရှိဘူး​လေ"

သူ​တောင်​သူငယ်​ချင်း​တွေ​ခေါ်လို့ သွားမိတာ။ တကယ်​ပါ ပန်း​တွေကို​လှေစီးရင်း ကြည့်​ရုံကလွဲ၍ ဘာမှ မရှိပါ။ သို့​သော်​ထိုကြာပန်းကြည့်​ရသည့်​မြင်​ကွင်းက​တော့ မိန်းက​လေးများအတွက်​တော့ ကြည်​နူးစဖွယ်​ပင်​။

"ဒါ​ပေမဲ့ ကိုယ်​သွားချင်​တယ်​"

"ဟုတ်​ပါပြီ ကိုဈာန်​သွားချင်​တော့လဲ ကျွန်​တော်​လိုက်​ပို့မယ်​ည​နေခင်းကပိုလှတယ်​"

ကိုဈာန်​က​ပျော်​ရွှင်​စွာ​ခေါင်းညိမ့်​ပြ​လေ၏။

...................

သူတို့ စွန်​ရဲအင်းသို့​ဆိုင်​ကယ်​ဖြင့်​သာ ခရီးဆက်​ကြ၏။ထိုသို့ ရောက်​လေ​တော့​လှေသမားများက​ဖော်​ရွေစွာ ကြိုဆိုကြ၏။

Senpai is my BoyfriendWhere stories live. Discover now