Part 9(unicode)

8.4K 1.5K 53
                                    

Chapter9; ရေးရေးမျှရှိသောသွေးပြန်ကြော
များသဖွယ် ရွှေရောင်သန်းနေသောအမျှင်တန်းများဖြာကျနေခြင်း။


လက်ချောင်းကြားမှာညှပ်ထားတဲ့စီးကရက်
ကို ကျန်ချန်လွှင့်ပစ်ပြီး လမ်းဆုံသို့လျှောက်သွားလိုက်တယ်။

ဒါပေမယ့်, ဝမ်ရွှိကသူ့နောက်မှလှမ်းပြီးအော်လာ၏။
"ဟေး ,မသွားပါနဲ့ဆို။ ငါက ပြသာနာဖြစ်မှာကြောက်လို့ ထင်နေလား။ ဟို့ဇီ နဲ့ သူ့အဖွဲ့ကို ငါတို့ သွားရှုပ်လို့မရဘူး။ ပြီးခဲ့တဲ့စာသင်နှစ်
တုန်းက စီကျုံးကကျောင်းသားတစ်ယောက်
အရိုက်ခံရပြီးတော့ ဆေးရုံမှာ လချီနေလိုက်
ရတယ်။"

ကျန်ချန် သူ့ကို လှည့်ကြည့်လိုက်တယ်။
"သွားရှုပ်လို့မရဘူးဟုတ်လား။ဒါဆို မင်းခေါ်နေတဲ့ သောက်ရူးကောင် ကုဖေးက သူတို့ကိုဖြေရှင်းနိုင်လား?။"

"တာ့ဖေးက မတူဘူး။သူက ဒီမှာ ကလေးဘဝတည်းကကြီးပြင်းလာတာ။ ပြီးတော့.....ဘာပဲဖြစ်ဖြစ်,မင်းက ငါ့ကိုတစ်ကြိမ်ကူညီပေးခဲ့လို့၊
ငါမင်းကို သွားခွင့်ပြုမှာမဟုတ်ဘူး။ "

ပြီးတော့..., ပြီးတော့ ဘာဖြစ်လဲ။

ပြီးတော့ကုဖေးကသူ့အဖေကိုသတ်ခဲ့တယ်။

လီပေါင်ကော်စကားများကိုစဥ်းစားမိချိန်တွင် သူ ရယ်လိုက်မိ၏။ဤကဲ့သို့မြို့စုတ်လေး၏
လမ်းကျဥ်းထက်တွင် ယုံတမ်း ပုံပြင်တစ်ပုဒ် ရှိနေတယ်။

စိတ်ဝင်စားဖို့ကောင်းလိုက်တာ !

ဝမ်ရွှိ သူ့ရယ်သံကြောင့်စိတ်ဆိုးသွား၏။
"မင်း ဘာရယ်တာလဲ?။"

ကျန်ချန် သူ့ကို ဂရုမစိုက်ဘဲ ဆက်သွားဖို့ပြင်လိုက်တယ်။သူခြေလှမ်းဖို့ပြင်နေစဥ်တွင် ဝမ်ရွှိက သူ့ကိုအနောက်မှလှမ်းဆွဲလာသည့်အခါ သူ့ပုံစံကကိုးရိုးကားယားဖြစ်သွား၏။
"ဟေး,ဟေး.....ငါသွားတော့မယ်။မင်းရဲ့
ပြသာနာဘာလဲ?။"

"ပြသာနာ?။"
ဝမ်ရွှိ တုန်သွားပြီး သူ့အင်္ကျီကိုလှမ်းဆွဲထားသည့်လက်များက လျောကျသွားသည်။
"ငါ့မှာ ဘာပြသာနာမှမရှိဘူး။တခြားရည်ရွယ်
ချက်လည်းမရှိဘူး။ မင်း အထင်မလွဲနဲ့ !။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now