အပိုင်း-၃၁ (Unicode)

7K 944 108
                                    


"ထက်မာန်ဦးကိုတွေ့မိကြသေးလား။"

ဒေါ်ချောခင်ခင်ရဲ့ အမေးကို အိမ်စေတွေသည် ခေါင်းကို ခါရမ်းခြင်းဖြင့်သာ တုံ့ပြန်လေသည်။ အိမ်အကူတွေလည်း မတွေ့သေးပုံထောက်လျှင် ကြည့်ရတာ သားငယ်တစ်ယောက် အိပ်ခန်းထဲကနေ အပြင်ကို ထွက်ပုံမရသေး။

ဒီကလေးကတော့လေ..။ရန်ကုန်ကို ထွက်မယ့်ကားက မနတ်ကိုးနာရီခွဲထွက်ပါမယ်ဆိုနေ။အခုဘဲ မနတ်ရှစ်နာရီထိုးနေပြီ။

ဒေါ်ချောခင်ခင် တွေးလိုက်ရင်း သားငယ်ကို ကိုယ်တိုင်ဘဲ နိူးမယ်ဆိုတဲ့ အတွေးနဲ့ အိမ်အပေါ်ထပ်မှာရှိတဲ့ သားငယ်ကိုနေရာချထားရာအခန်းဆီကို ထွက်လာခဲ့လိုက်သည်။ အခန်းရှေ့ရောက်တော့ တံခါးနှစ်ချက်ခန့်ခေါက်သေးသည်။ အခန်းထဲမှ တုံ့ပြန်သံမကြားရတဲ့နောက် ဒေါ်ချောခင်ခင်စိတ်ထဲ ထင့်သွားလေသည်။

တံခါးလက်ကိုင်ဘုကိုလှည့်ကြည့်လိုက်တော့ တံခါးကလော့ခ်မခတ်ထားဘဲ ပွင့်လျှက်သား။ နှစ်ခါပြန် စဉ်းစားမနေတော့ဘဲ ဒေါ်ချောခင်ခင် တံခါးလက်ကိုင်ဘုကို လှည့်ကာ တံခါးကိုတွန်းဖွင့်လိုက်သည်။

"သားငယ်ရေ..။ထတော့လေ။နောက်ကျနေ.."

လှဲလျောင်းအိပ်စက်သူမဲ့နေတဲ့ ကုတင်ကိုအမြင်မှာ ပြောလက်စ စကားတွေသည် တဝက်တပြတ်နှင့် ရန်တန့်သွားလေသည်။ ကုတင်ပေါ်တွင် ကြေမွနေတဲ့ အိ်ပ်ရာခင်းနှင့် ခြေရင်းမှာ ဗလုံးပထွေးဖြစ်နေတဲ့ စောင်ကိုသာတွေ့လိုက်ရလေသည်။ ဒေါ်ချောခင်ခင်ရဲ့ မျက်ခုံးတွေ ထိစပ်မတတ်တွန့်ကွေးသွားတော့သည်။ အခန်းထဲကို ဝင်လိုက်ကာ အခန်းပတ်ပတ်လည်ကိုပါ ဝေ့ဝဲကြည့်လိုက်မိသည်။ သားငယ်ရဲ့ ခရီးဆောင်အိတ်ရော၊ မနေ့ကကြိုပေးထားနှင့်တဲ့ လက်ဆောင်ထုပ်တွေက သူ့နေရာနှင့်သူ အစီအရီ။ ဒီကလေးရေချိုးခန်းထဲများဝင်နေတာလား။

အတွေးတပိုင်းတစနှင့်အတူ ရေချိုးခန်းတံခါးကို ဖွင့်လိုက်သော်လည်း ရေချိုးခန်းထဲတွင် ဘယ်သူမှမရှိ။

သားငယ် ဘယ်ရောက်သွားတာလဲ!!

ဘယ်သူမှရှိမနေတဲ့ အခန်းကိုပစ်ထားခဲ့လိုက်ကာ အခန်းပြင်သို့ ထွက်လာခဲ့လိုက်သည်။ လူတစ်ယောက်လုံး ဘယ်ရောက်သွားမှန်းမသိတာမို့ ရင်ထဲမှာတော့ အနည်းငယ် ဗလောင်ဆူစပြုနေပြီ။ အခန်းပြင်သို့ ထွက်ထွက်ချင်းမှာဘဲ လျှောက်လမ်း တစ်ဖက်ကနေ အပြေးကလေး လာတဲ့ ၀ါးဖောဆိုတဲ့ကလေးမလေးနှင့် တန်းပြီးတွေ့လိုက်ရလေသည်။

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Where stories live. Discover now