.. ၁၇၃ ..
8.8K 1.1K 25
《Zawgyi》
အပိုင်း - ၁၇၃
[ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ-၁]
ချင်းစုယွဲ့က အလုပ်ကြောင့် ခရီးသွားရသဖြင့် ချန်းစီနျန်က သူ့ကိုယ်သူ အလုပ်ထဲမှာပဲ နစ်မြှုပ်လိုက်လေကာ နောက်လအတွက် ချထားတဲ့ လုပ်ငန်းအချိန်ဇယားတွေအား ဒီရက်ပိုင်းအတွင်း လုပ်လိုက်တော့သည်။ သူက နေ့တိုင်း အချိန်ပိုတွေဆင်း၊ အစည်းအဝေးတွေလုပ်၊ အလုပ်တွေလုပ်ပြီး လူမှုရေးကိစ္စ ပွဲတွေနှင့် မအားလပ်နိုင်အောင် လုပ်နေလေ၏။
ဒါပေမယ့် ဒီလို အလုပ်တွေ ဖိလုပ်တာက သူ ကုမ္ပဏီကို ပထမဆုံး စတည်ထောင်တုန်းကအချိန်နှင့် တူလေသည်။
သိပ်မကြာသေးခင်ကမှ လက်ထောက်ဝမ်မှာ သူတို့တက္ကသိုလ်ရဲ့ အလှနတ်ဘုရားမလေးနဲ့ ချစ်ကြိုက်ခဲ့ကြရာ  ဘော့စ်ရဲ့အလုပ်လုပ်မှုကြီးနှင့် တိုးလေပြီး ဒုက္ခများရတော့သည်။ ဘာလို့ သူ့ဘော့စ်ရဲ့ဇနီးက ခရီးထွက်သွားရတာလဲ?
လက်ထောက်ဝမ်မှာ ခါးသီးစွာ ခံစားရပေမယ့် ချန်းစီနျန်နှင့်အတူ အချိန်ပိုဆင်းပေးရလေသည်။
နှစ်ရက်သုံးရက် အကြာမှာတော့ လက်ထောက်ဝမ်က ချင်းစုယွဲ့ထံ ဂရုစိုက်သလိုလိုနှင့် ဘယ်နေ့ပြန်လာမှာလဲဆိုတာ တိတ်တိတ်လေး မက်ဆေ့ခ်ျပ်ု့၍ မေးရတော့သည်။
ချင်းစုယွဲ့က အလုပ်ပြီး၍ အထုပ်အပိုးပြင်နေတုန်း မက်ဆေ့ခ်ျကို တွေ့သွား၏။
"လက်ထောက်ဝမ် ဘာဖြစ်လို့လဲ? ... ချန်းစီနျန်က ကျွန်မကို မျှော်နေလို့လား?"
လက်ထောက်ဝမ်က ပါးနပ်စွာ ပြန်ဖြေလေ၏။
"ဆရာကတော် ဘယ်အချိန်ပြန်လာမှာလဲ ဆိုတဲ့ အကြောင်းကို ဆရာက တစ်နေ့လုံး ပြောနေတာပါ"
ချင်းစုယွဲ့က မက်ဆေ့ခ်ျကိုဖတ်ပြီး မပြုံးပဲ မနေနိုင်တော့ပေ။ သူမက ချန်းစီနျန်ကို ဖုန်းဆက်ကာ ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်သည်။
"ကျွန်မ ဒီနေ့လည် လေယာဉ်နဲ့ ပြန်လာမှာ"
ချန်းစီနျန်က စာရွက်စာတမ်းတွေ ကြည့်နေရင်းမှ နှုတ်ခမ်းထောင့်စွန်းလေး ကွေးတက်သွားသည်။ ဒါပေမယ့် သူပြန်ဖြေတဲ့အသံကတော့ တည်ငြိမ်နေ၏။
"ကောင်းပြီ .. ဂရုစိုက်နော် ... ပြန်ရောက်ရင် ကိုယ်လာခေါ်မယ်"