Part 23 (ဆင့်ခေါ်လိုက်သူ)

3.2K 564 31
                                    

အပိုင်း ၂၃ ( ဆင့်ခေါ်လိုက်သူ)

"အန်းလု....."

"ဘယ်သူလဲ!"

"ချီအန်းလု.....အန်း...လု....အန်းလု...."

"ဘယ်သူလဲ.......... ဘယ်သူလဲလို့...."

အရာအားလုံးက အခိုးငွေ့တို့ ရစ်သိုင်းနေသော ပတ်ဝန်းကျင်ကဲ့သို့ပင် နေရာတိုင်းသည် မဲမှောင်နေလွန်းသည်။ အဖက်ဖက်မှ အသံတို့ကိုကြားရသော်လည်း ထိုအသံ၏ မူလနေရာကို ရှာဖွေ၍မရနိုင်ချေ။

အန်းလုက မိမိ၏အမည်ကိုခေါ်သံအားကြားလိုက်ရသောကြောင့် ထိုတစ်ဖက်တချက်ကို လှည့်ကြည့်လိုက်လျင်ပင် ထိုနေရာ၌ မြူခိုးအငွေ့များမှ တပါးမည်သည့်အရာကိုမျှမတွေ့ရချေ။ အန်းလု၏ ပတ်ပတ်လည်က အခိုးအငွေ့များများဖြင့်ပြည့်နှက်ကာနေသော်လည်း သူ၏ ဦးခေါင်းအပေါ်တည့်တည့်တွင်တော့ ထူးဆန်းစွာပင် အဖြူရောင် အလင်းရောင်တန်းတစ်ချို့ ဖြာကျနေလေသည်။

အန်းလု၏ အသက်ရှုသံက အနည်းငယ်မြန်နေလေပြီး တစ်ဦးတည်းသာရှိနေသော နေရာကဲ့သို့ပင် တချက်တချက်ထွက်လာသော မိမိ၏အမည်ကိုခေါ်သံမှတစ်ပါး ကျန်အချိန်များတွင် အပ်ကျသံပင်ကြားနိုင်လောက်သည်အထိ တိတ်ဆိတ်နေလေ၏။ ထိုမှောင်မိုက်လွန်းသော အခြေအနေကို သူကြောက်လန့်လို့လာချေသည်။

အမည်နာမအား ခေါ်နေသောထိုထူးဆန်းသည့် အသံမှာ အတော်ကြာသည်အထိ ထပ်မံ၍ပေါ်ထွက်လာခြင်းမရှိတော့ချေ။ အန်းလုက မိမိရပ်ကာနေသော အလည်ဗဟိုမှရှေ့သို့ တုန်တုန်ရီရီနှင့်ပင် တစ်လှမ်းလှမ်းရန် ပြင်လိုက်စဥ်တွင်ပဲ သူ၏ရှေ့တွင်ပိတ်လှောင်ကာထားသော အခိုးအငွေ့များသည် ရုတ်ချည်းပျောက်ကွယ်ကာသွားလေတော့သည်။ ရှင်းလင်းပြတ်သားလာသော ပတ်ဝန်းကျင်ကို ကြည့်မိလေတော့ ကျောက်သားနံရံများဖြင့် တည်ဆောက်ကာထားသော အခန်းတစ်ခုပုံစံဖြစ်နေလေသည်။ သို့သော်လည်း ထိုအခန်းသည်က အတော်ပင်ကျယ်ဝန်းပြီး နံရံများတွင် စိုက်ထူကာထားသော မီးတိုင်များမှ အပ အခန်းသည် ဗလာဖြစ်နေကာ ဘာဆိုဘာမျှမရှိချေ။

မီးတိုင်များက ရုတ်ချည်းတောက်လောက်လာပြီး အခန်းကိုအလင်းရောင်တောက်ပလာစေသည်။ အန်းလုက သူ၏ ရှေ့တွင်ပင် မီးစာထွန်းစရာမလိုပဲ တောက်လောင်သွားသော ထိုမီးတိုင်များအား တအံ့တသြကြည့်နေမိရင်း သူ၏ အကြည့်တို့က ရှေ့တည့်တည်တွင်ရှိနေသော အရာအားသတိပြုမိသွားသည်။

LOVE, BUT HURT (Season 3)_ The Last Begin_[Completed] Where stories live. Discover now