Part 11(unicode)

8.1K 1.5K 59
                                    

Chapter 11;အနည်းငယ်အထိတ်တလန့်ဖြစ်
စရာကောင်းသောသွေးအလိမ်းလိမ်းနှင့်လက်တစ်ဖက်။

သူ ပြတင်းပေါက်မှခုန်ချလာသောအချိန်တွင် အေးစိမ့်စိမ့်လေများသည် သူ့အသက်ရှုလမ်း
ကြောင်းမှတစ်ဆင့် ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းသို့ ထိုးဖောက်ဝင်ရောက်မှုကို ကျန်ချန် ခံစားမိသည်။

အရမ်းမိုက်တယ်......

ပြတင်းပေါက်မှမှန်ကွဲစများသည်ကြွေကျနေဆဲဖြစ်ပြီး၊ သူ့ခြေထောက်နားမှာ မှန်အပိုင်းစကြွေကျသံကိုကြားနေရ၏။ သူ့ခန္ဓာကိုယ်ထဲမှာ ခံစားနေရသည့် မွန်းကျပ်မှုများကလည်း ပျောက်ကွယ်သွားသည်။

အပြင်ဘက် ကောင်းကင်သည်မှောင်မည်းနေပြီး လမ်းမီးတိုင်ပင်မရှိချေ။လပြည့်ဝန်းသည် ဘယ်ဆီဘယ်ဝယ်ရောက်နေမှန်းမသိအောင်အလင်းရောင်ဖုံးနေ၏။လမ်းကြားလေးသည် လူနေအိမ်ပြတင်းပေါက်များမှဖြာထွက်နေတဲ့
မီးရောင်မှိန်မှိန်ကြောင့်လင်းနေလျှက်ရှိသည်။အဆောက်အဦးအနောက်ဖေးတွင် နှင်းတဖွဲဖွဲ ကျဆင်းနေတာကြောင့် မည်သည့်အရာမှ သူ ရှင်းရှင်းလင်းလင်း မမြင်ရပေ။

ကျန်ချန် အိပ်ကပ်ထဲမှဖုန်းကိုထုတ်ပြီး တဖွဲဖွဲ ကျနေသောနှင်းများအောက်တွင် ဖုန်းအလင်း
မီးရောင်ကိုဖွင့်၍ အဆောက်အဦးနောက်ဖေး လမ်းကြားထိပ်သို့ ပေါ့ပါးသည့်ခြေလှမ်းတွေနှင့် လျှောက်လာခဲ့သည်။

လမ်းပေါ်မှာဖွင့်ထားသည့်ဆိုင်ခန်းနှင့်စက်ရုံများကပိတ်သွားပြီဖြစ်သည်။ ကျန်ချန်လမ်း
လျှောက်ရပ်ပြီး အမှောင်ထဲမှာအချိန်အကြာကြီးမတ်တပ်ရပ်နေခဲ့တယ်။သူ့စိတ်တိုင်းကျ
ဒေါသပေါက်ကွဲပြီးနောက်တွင်အေးစိမ့်သည့်ညအမှောင်ထဲမှာမလှုပ်မယှက်ရပ်နေပြီး၊ သူတစ်ယောက်တည်းလမ်းပျောက်နေသည်။

ဘယ်သွားသင့်လဲ..?

ဘာဆက်လုပ်သင့်လဲ...?

ဖုန်းထဲမှအချိန်ကိုကြည့်ပြီးမှ ဘာဆက်လုပ်သင့်မှန်း  သူစဥ်းစားရမယ်။

ချီး , သေအောင်အေးတယ်။

ပြတင်းပေါက်မှခုန်ဆင်းလာချိန်တုန်းက, သူ
အနွေးထည်မယူလာခဲ့မိချေ။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now