Chapter-20

20.8K 1.8K 33
                                    

Unicode

ကျောင်းသွားဖို့ ပြင်ဆင်ပြီး အပေါ်ထပ်မှ
သော်ယံမောင် ဆင်းလာသည်။
နေ့တိုင်းမြင်တွေ့ရသော်ငြား ရိုးအီသည်လည်း
မရှိ။မောင့်အပေါ် ချစ်ခြင်းတို့က တိုးလာရစမြဲ
ပင်ဖြစ်သည်။

"ကိုကို ညနေဘာစားချင်လဲ။ကျွန်တော်
ဝယ်လာခဲ့မယ်လေ"

"မစားတော့ပါဘူး၊အိမ်မှာပဲ ထမင်းစားရအောင်"

"ဟုတ်ပါပြီဗျာ..ကြားထဲမှာ စားချင်တာ
ပေါ်လာရင် ကျွန်တော့်ကို ဖုန်းလှမ်းဆက်လိုက်နော်"

"အင်း"

ကားနားထိ မောင့်ကိုလိုက်ပို့ရင်း စကားကို
လည်း တောက်လျှောက်ပြောလာမိသည်။
မောင့် လက်မောင်းကို ဖက်တွယ်ကိုင်ထား
ရင်း လွှတ်လည်း မလွှတ်ပေးချင်ပါ။
မောင် ကားပေါ်တက်လို့ရအောင်
နှမြောတမ်းတဖြစ်မိရင်း လွှတ်ပေးရသည်။
ညနေခင်းထိ မောင်မရှိဘဲ အိမ်မှာအချိန်ကုန်
ရမှာဆိုတော့ အနည်းငယ်တော့ အထီးကျန်
ဆန်သည်။မျက်နှာမှာ ပြုံးပြုံးရွှင်ရွှင်ရှိပေမဲ့
ကိုကိုက တက်ကြွဟန်တော့မရှိ။
မောင်မှကိုကို့ပါးသို့ လက်နှစ်ဖက်ဖြင့်
အုပ်မိုးကိုင်သည်။

"ကိုကို"

"ဟင်..ဘာလဲ"

"နေ့ခင်း ထမင်းစားချိန် messengerကနေ
video call ခေါ်လိုက်မယ်နော်lineဖွင့်ထားလိုက်"

"ဘာလုပ်မလို့လဲ"

"မျက်နှာကြည့်ပြီး နေ့လည်စာ
အတူတူစားမလို့လေ"

"တကယ်နော် ငါစောင့်နေမယ်"

ပြုံးလိုက်တိုင်း သွားတက်လေးက ပေါ်တော့
မောင့်မှာ ရင်တွေလည်း တခုန်ခုန်။
ပါးချိုင့်နှစ်ဖက်၊သွားတက်လေးနဲ့ အပြုံးတို့က
ချိုသည်။အားပါပါနဲ့ ပါးနှစ်ဖက်သို့တစ်လှည့်စီ
နမ်းပစ်တော့ ကိုကို့ဆီမှ ခပ်တုန်တုန်
အသံတို့ထွက်သည်။

"ဟာ မောင်..လူကိုနမ်းနေတာကြီးပဲ"

ရှက်ရှက်နဲ့ အိမ်ထဲသို့ပြေးဝင်တော့ မောင့်မှာ
ပျာပျာယာယာ လှမ်းတားမိရင်း ဖမ်းဆွဲတား
ရသည်။တော်ကြာ ချော်လဲနေရင် ရင်ကျိုးမှာ။

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now