part 27

2.3K 251 9
                                        

Unicode & Zawgyi

(Unicode)

"ကိုကို..."

ရှောင်းကျန့်...စစ်ချင်းရှု အသံကြားမှ သူ သတိလက်လွတ် ပြုမူခဲ့သည်ကို သတိရသွားသည်....

သို့သော် ရှောင်းကျန့်သတိထားမိသလောက် သူ့အပြုအမူကို ဝမ်ရိပေါ် ရော စစ်ချင်းရှု ပါ ဂရုပြုမိပုံ မရပေ....

ထိုအချက်က ရှောင်းကျန့် ကို စိတ်အေးသွားစေသည်....

"ညီမလေး.... "

"ကိုကို.... ဘာလို့ ခုမှ လာလည်တာလဲ....ညီမလေးက အလုပ်ရှုပ်နေလို့ မလာနိုင်တာလေ...ကိုကိုက ဘာလို့ မလာတာလဲ... "

စစ်ချင်းရှု... ရှောင်းကျန့်ကို ဖက်တွယ်ရင်း ပြောလိုက်သည်...

စစ်ချင်းရှု အနေနဲ့ မိမိရှေ့မှာ ရှိနေသည့်သူက မိမိ၏ အကိုအရင်း မဖြစ်နိုင်ဖူးဟု ထင်မိသော်လည်း ထိုသူအနားမှာ ရှိနေလျှင် မိမိဘဝအတွက် နွေးထွေးမှုကို ရရှိစေသလိုပင်....
မည်သည့်အတွက်ကြောင့် ဆိုသည်ကို မသိသော်လည်း....

"အခု လာတွေ့တာပဲ မလား...."

ရှောင်းကျန့်.... စစ်ချင်းရှု ၏ ခေါင်းကို ခပ်ဖွဖွ လေး ပုတ်ပေးလိုက်ပြီး ပြောလိုက်သည်....

"အင်း...ကိုကို....လာလေ....အထဲ ဝင်ကြရအောင်...."

စစ်ချင်းရှု... ရှောင်းကျန့် ကို ပြောလိုက်သည်....

"အစ်ကို ရိပေါ် လည်း လာလေ.... "

"အင်း...."

ဝမ်ရိပေါ်... ခေါင်းညိမ့်ပြလိုက်ပြီး စစ်ချင်းရှု နောက်လိုက်သွားသည်....

"ကိုကို....ဒီနေ့ မပြန်လို့ ရလား..."

စစ်ချင်းရှု သည်ကား ရှောင်းကျန့်ရဲ့ လက်ကို ဖက်တွယ်ထားလျှက်ပင် မေးလိုက်သည်....

"မပြန်ဘူးပေါ့... ကိုကိုရဲ့ ညီမလေးဘေးမှာ နေပေးမယ်...."

"အကိုရိပေါ်က ခွင့်ပြုပါမလား...."

"သူ့ကို ဂရုမစိုက်နဲ့...."

"အင်း...."

စစ်ချင်းရှု နှစ်လိုစွာ ပြန်ဖြေလိုက်သည်....

ဝမ်ရိပေါ်မှာ ရှောင်းကျန့် နဲ့ စစ်ချင်းရှု နီးနီးကပ်ကပ်နေနေသည်ကို မနှစ်သက်ပေ....

The Same L💗VE (completed )Where stories live. Discover now