အခန်း(၂၀)

12.7K 1.4K 39
                                        

Unicode

အခန်း(၂၀)ကမ်းလှမ်းချက်များ

ကုကျင်က ဒီအလုပ်တွေအားလုံးကနေ နောက်ဆုံး အနားမယူခင်အချိန်ထိ နောက်လအတွက် လက်ရေးစာမူ နှစ်ခုကို အပြီးသတ်ပေးဖို့ရန်ပဲ လိုလေသည်။{T/N: အရင် အပိုင်းမှာ ကုကျင်က စာပေအဖွဲ့အစည်းရဲ့ ဒုဥက္ကဋ္ဌလို့ ပြောထားပါတယ်နော်...သူမရဲ့ ဂျူနီယာအထက်တန်းက ပြီးဖို့ တစ်လပဲလိုတော့တာလေ..အဲ့တစ်လအတွက်ပဲ သူမ က စာမူနှစ်ခု ရေးပေးရမှာပါနော်..}

အဲ့လိုမှမဟုတ်ဘဲ သူမက အဲ့ထက်ပိုပြီး အလုပ်လုပ်ခဲ့ ရမယ်ဆိုရင် သူမရဲ့ဆံပင်လှလှလေးတွေအားလုံး စိတ်ဖိစီး မှုကြောင့် ကျွတ်ကျလာမလားဆိုတာ ဘယ်သူက သိမှာတဲ့ လဲ?

ပုံမှန်မိတ်ကပ်ကို ပြင်၊ ရည်မွန်တဲ့အဝတ်လေး ဝတ်၊ သိက္ခာရှိတဲ့မီးသီးပုံ ဆံထုံးလေးထုံးကာ လာမယ့် ရက် သုံးဆယ်ထဲအတွင်း တစ်ပတ်ကို ခြောက်ရက်လောက် အဲ့ပုံစံအတိုင်း ပြင်ဆင်ရမယ်ဆိုတဲ့ အတွေးလေးကတင် ကုကျင်ကို မကျေနပ်မှုကြောင့် တဆတ်ဆတ် တုန်လာစေ ပါသည်။

သူမရဲ့နောက်ထပ်ရေးရမယ့် ပရောဂျက်နဲ့ ပတ်သက် တာတွေကိုပဲ သူမဦးနှောက်ကို တင်းတင်းကျပ်ကျပ် အလုပ်ပေးထားရင်း တက္ကသိုလ်ဝန်းတစ်လျှောက် လမ်း လျှောက်နေစဥ်မှာ သူမရဲ့ဖုန်းက ရုတ်တရက် မြည်လာခဲ့ ၏။

ဖုန်းကို စစ်ကြည့်လိုက်တော့ အဲ့ဒါက ​ရှောက်ချောင်ရဲ့ ဖုန်းကောလ်ဖြစ်နေသည်။

မျက်ခုံးကို ပင့်ပြီးနောက် သူ့ကို သူမရဲ့ blacklistsထဲ သွင်းပစ်လိုက်သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် သူမရဲ့ဖုန်းက တစ်ခါ ထပ်ပြီး တုန်ခါလာ၏။

သူမမှာ wechatမှကမ်းလှမ်းစာနှစ်စောင် ရရှိနေလေ သတဲ့။

ကုကျင်က ဘယ်သူ့ဆီက စာပို့တာလဲဆိုတာကို စစ်ကြည့်လိုက်တဲ့အခါမှာ သူမက ဒါက အတော်လေးကို ရယ်စရာကောင်းတယ်လို့ ထင်လိုက်မိသည်။ ဒါက သူမရဲ့ 'သူငယ်ချင်းများ'(list)ထဲက နှစ်ယောက်က သူမကို ကမ်း လှမ်းထားတဲ့ စာဖြစ်ဟန်ပေါ်လေတယ်။

ကမ်းလှမ်းချက်ထဲရှိတစ်ခုက ​ရှောက်ချောင်ဆီက ဖြစ်ပြီး သူမကို မနက်ဖြန် သူနဲ့အတူ ရုပ်ရှင်သွားကြည့်ဖို့ရန် တောင်းဆိုထားလေသည်။

ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်-ဇာတ်ပို့ ဖြစ်ရန် ငါ ငြင်းပယ်မယ်(Completed) Where stories live. Discover now