Chapter-22

18.8K 1.6K 48
                                    

Unicode

ကိုကို့ ကို ကြိုပြောမထားဘဲ နေ့လယ်ဘက်၌
သော်ယံမောင် အိမ်သို့ပြန်လာဖြစ်သည်။
အိမ်ထဲကိုရောက်တော့ ကိုကို့ကိုလည်းမတွေ့ပါ။
အရိပ်အယောင်လည်း တစ်စွန်းတစ်စမျှပင်
မမြင်ရ။

"မဖြူ..မဖြူ!"

မဖြူကို အော်ခေါ်တော့ ထမင်းစားခန်းထဲမှ
ခပ်သွက်သွက် ထွက်လာသည်။
အနောက်မှ ကိုကိုများ ပါလာမလား
စောင့်ဆိုင်းကာကြည့်မိတော့ လူရိပ်ပင်ပေါ်မလာ။

"လာပါပြီ အစ်ကိုလေး"

"ကိုကိုရော.."

"အနောက်ဘက်မှာပါအစ်ကိုလေး..ဟို"

မဖြူစကားကိုလည်း ဆုံးအောင်နားမထောင်
ဖြစ်။ကိုကို့ဆီသို့ မောင်အမြန်သွားမိတာလည်း
ဖြစ်သည်။ကျောင်းက တစ်ဖက်၊အခုမှ
လေ့လာနေရတဲ့ အလုပ်ကိစ္စတချို့ကြောင့်
ပင်လည်းပင်ပန်းသည်။ကိုကို့ကို မြန်မြန်တွေ့
ရဖို့ လိုအပ်သည်။ဒါမှသာ သော်ယံမောင်ရဲ့
အမောပြေဆေး။

"ကိုကို"

​ဝတ်ထားသည့် ဘောင်းဘီက ဒူးအထိ
ရေတို့စိုရွှဲလျက် အဝတ်တို့ကို ရေညှစ်ကာ
လှမ်းနေသည့် ကိုကို့ကိုတွေ့ရသည်။
ပုခုံးပေါ်၌ ရေမညှစ်ရသေးသည့် အဝတ်
တချို့ကိုလည်း တင်ထားသေးသည်။
ကိုကို့အင်္ကျီမှာလည်း တစ်ခြမ်းလုံး စိုရွှဲ
နေတာပင် ဖြစ်သည်။အဝတ်လှမ်းနေတဲ့ဆီကို
အာရုံရောက်တော့ မောင့်ခေါ်သံကိုလည်း
မကြားပါ။သီချင်းတစ်ပုဒ်ကို ညည်းဆိုရင်း အဝတ်တို့ကို ရေညှစ်လှမ်းနေမြဲသာ။

​"ကျစ်! နေပူထဲမှာ ဖျားကုန်တော့မှာပဲကွာ"

မောင်ထပ်ခေါ်လည်း မကြားမှာမို့ ကိုကို့
အနားသို့ မပြေးရုံတမယ်သွားသည်။
ဒီတစ်ခါ အနီးအနားမှ ကပ်ခေါ်လို့
ကြားသည်ထင် လှည့်ကြည့်လာသည်။

"ကိုကို"

"ဟင်..မောင် မင်းပြန်လာတယ်"

ဘာမှပြန်မဖြေဖြစ်သေးဘဲ မောင့်မှာ ကိုကို့
ပုခုံးပေါ်မှ အဝတ်တို့ကို ဦးဆုံးလှမ်းယူမိသည်။

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now