အပိုင်း-၃၈ (Unicode)

6.8K 889 119
                                    

"သားငယ်ရေ။ ဝေလွှမ်းတို့ရောက်လာပြီ။"

အိမ်ရှေ့ဆီမှ ကြီးငယ်ရဲ့ လှမ်းခေါ်သံကြောင့် ထက်မာန်ဦး အခန်းထဲမှ အပြေးအလွှားပြေးထွက်ခဲ့လေသည်။

"လာ။လာ။ သားတို့ ဝင်ခဲ့ကြ။"

ဧည့်ခန်းထဲကိုရောက်တော့ ကြီးငယ်ရဲ့ ဖိတ်မန္တက ပြုမူနှင့်အတူ ဖိနပ်ချွတ်မယ် ကုန်းကုန်းကွကွလုပ်နေတဲ့ လွှမ်းနှင့် စိုင်းဝေယံ နှစ်ကောင်ကို ယှဉ်တွဲတွေ့လိုက်ရလေသည်။ ဘေးမယ်တော့ သူတို့ဝယ်လာပုံရတဲ့ ကန်တော့ခြင်းခပ်ကြီးကြီးတစ်လုံး။ ကြီးငယ်က ထိုခြင်းကို သယ်ဖို့ လုပ်နေတာနဲ့ ဘဲ ထက်မာန်ဦး ဟိုနှစ်ကောင်ကို အရင်မနူတ်ဆက်ဖြစ်ဘဲ ကြီးငယ်လက်ထဲက ခြင်းကိုသာ ဆွဲယူလိုက်သည်။ အသက်အရွယ်ရလာပြီဖြစ်သော ကြီးငယ်သည် ဒူးနှင့်ခါးက သိပ်မကောင်းချင်တော့သည်ကိုး။

"လာ။သားတို့။ဒီမှာထိုင်။ ဟယ်။ သားဝေလွှမ်းက အရင်ကလို ချောတုန်းဘဲ။ ငယ်ရုပ်ကလေးက မပျောက်ဘူးနော်။စိုင်းဝေယံရယ် အရပ်ကြီး မြင့်လာလိုက်တော့ တီချယ်မော်ကြည့်လို့တောင်မနိုင်ဘူး။"

ကြီးငယ်စကားကြောင့် စိုင်းဝေယံက ထိုင်ခုံမှာဝင်ထိုင်ရင်း ရယ်လေတော့သည်။ ကြီးငယ်ပြောလည်း ပြောချင်စရာဘဲ။ အိမ်ကြမ်းပြင်နှင့် ခေါင်မိုးသည် ရှစ်ပေလောက်ကွာလို့သာပင်။ ခြောက်ပေလောက်သာဆို ဒင်းအရပ်နှင့် မလွတ်မကင်းတွေ ဖြစ်ကုန်တော့မှာ။ ဝေလွှမ်းကတော့ ပြုံးရုံသာပြုံးသည်။

"ခဏစောင့်ကြဦး။သားတို့ရဲ့ တီချယ်ကြီးကတော့ တရားမဖြုတ်သေးဘူးထင်တယ်။ သူငယ်ချင်းတွေ စကားပြောနှင့်ကြ။ သားတို့အတွက် တစ်ခုခု သွားပြင်ပေးလိုက်ဦးမယ်။"

"အရမ်းထွေထွေထူးထူးမလုပ်ပါနဲ့။ ကျွန်တော်တို့ ရေလောက်ဆိုရပါတယ်။"

"ရေတော့မလုပ်ပါနဲ့။ ကော်ဖီလောက်တော့ လုပ်ပါ။ သားတို့ရဲ့။"

စိုင်းဝေယံက ခေါင်းလေးတစ်ချက်ညိတ်ပြလိုက်တော့ ကြီးငယ်က ပြုံးလျှက်နှင့်ပင် အထဲဝင်သွားလေသည်။ ထက်မာန်ဦးကတော့ စားပွဲပေါ်မှာ လက်ဆောင်ခြင်းကြီးကို တင်ထားလိုက်ပြီး စိုင်းဝေယံဘေးမှာ ဝင်ထိုင်လိုက်သည်။ စိုင်းဝေယံတို့နှင့် အလာပ သလာပ ပြောဖို့ကြံကာရှိသေးသည်။ ဘုရားခန်းထဲမှ မေမေက ထွက်လာလေသည်။

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Where stories live. Discover now