လင်ကောင်းသားကောင်း

5.2K 495 9
                                        

ခွန်း❤လွန်း💛သွန်း💚
အနမ်းခြွေမယ်ကလေးS-2

လင်ကောင်းသားကောင်း

ဂျွန်ဒယ်နီ

ကျွန်တော်ရဲစခန်းအပြေးတပိုင်းရောက်သွားရသည်။ မေမေသည် ဘာကြောင့်များ ရဲစခန်းကို ရောက်သွားရတာလဲ မေမေဘာတွေများ လုပ်လို့လဲဆိုတဲ့ စိုးရိမ်ဖွယ် အတွေးတွေပါ ခေါင်းထဲ ပြေးပြေးဝင်လာခဲ့သည်။

ရဲစခန်းရောက်တာနဲ့ ရဲသားတစ်ဦးရဲ့ အခေါ်ကြောင့် ရဲမှုးကြီး ရှိတဲ့နေရာကိုရောက်လာခဲ့ရသည်။ ရဲမူးကြီးရဲ့ ရှေ့က စားပွဲနားက ခုံမှာ မေမေသည် မျက်နာငယ်ဖြင့်ထိုင်နေသည်။ စာရေးဆရာဖြသ်လာတော့ မာမီဆိုသော အသုံးအနှုန်းထက် မြန်မာဆန်သော မေမေဆိုသော အသုံးအနှုန်းကို ကျွန်တော်ပို နှစ်သက်မိသည်။

မေမေဘေးတွင် အရင်ကတွေ့ခဲ့ဖူးသော ဦးခန့်ဆိုတဲ့ လူကရှိနေသည်။ လက်ရှည်ပုဆိုးနဲ့ ထိုလူသည် ကျွန်တော့်ကို အားနာစွာုကည့်နေသည်။

မေမေဘေးနားဝင်ထိုင်ကာ မေမေကို စိုးရိမ်တကြီး ကြည့်လိုက်မိသည်။ အန္ဒိယရောက်ကတည်းက မတွေ့ဖြသ်တာ မြန်မာပြန်ရောက်သည်ထိ မေမေကို အိမ်မှာမတွေ့ဖြသ် ညဆိုနောက်ကျမှ မေမေကအိမ်ပြန်လာပြီး မနက်ဆို အစောကြီး ထွက်သွားတတ်သည်။ တစ်ခါတစ်လေ တစ်ရက်လောက်ပြန်မလာတာလဲ ရှိခဲ့သည်။


မေမေမျက်နာကို အခုမှပဲ သေသေချာချာမြင်ရတော့သည်။ မေမေပိန်သွားသည် မျက်ကွင်းတွေလည်း ဟောက်ပတ်ဖြစ်နေသည်။ မေမေကို ပြောဖို့စကားများသည် ကျွန်တော့်လည်ချောင်းဝအတွင်း မနည်းညစ်ထုတ်လိုက်ရသည်။

"မေမေ...."

မေမေသည် ကျွန်တော့်ကို အားကိုးတကြီးမော့ကြည့်လာသည်။

"ဘာဖြစ်တာလဲ မေမေ ဒီမှာ ဘာလိူ့ရောက်နေတာလဲ....."

မေမေသည် မျက်ရည်များစို့လာပြီး ကျွန်တော်ကို ဖတ်တွယ်လာသည်။ ပြီးနောက် ကျွန်တော့်ရင်ခွင်အတွင်း ရှိုက်ကာငိုနေတော့သည်။

"သား....မေမေ အမှားပါကွယ်....မေမေ...အဲ့ဆေးတွေကို မသုံးတော့ဘူးလို့ ဆုံးဖြတ်လိုက်ပေမယ့် မရဘူး...မရဘူးသား မေမေမနေနိုင်ဘူး...မနေနိုင်ဘူးသားးး...."

ခွန်း❤လွန်း💛သွန်း💚(Completed)အနမ်းခြွေမယ်ကလေးS-2Where stories live. Discover now