💜 S3 EP - 7 💜

82K 7.6K 643
                                    

ချိန်းထားတဲ့နေရာရောက်တော့ နှိုင်းသုတ သူ့ကိုယ်ဟန်အနေအထားကိုပြင်ကာ တည်တန့်တဲ့မျက်နှာသွင်ပြင်ဆောင်ထားလိုက်သည် ။ နှိုင်းသုတ ဝတ်ထားတာက မနေ့ညကအဝတ်စားတွေဆိုပေမယ့် အရမ်း Hot နေတဲ့ထဲမှာမပါတာမို့ ကိစ္စမရှိ ။

နာမည်ကြီးသူဌေးတွေတော်တော်များများအလုပ်ကိစ္စဆွေးနွေးတဲ့နေရာမှာ နာမည်ကြီးတဲ့အဆောက်အဦးထဲ နှိုင်း ဝင်လာသည်နှင့် လူတစ်ချို့ရဲ့စိတ်ဝင်စားတဲ့အကြည့်တွေဟာ နှိုင်း ဆီရောက်လာကြသည် ။

ထိုလူတွေကိုလစ်လျှုရှူကာ စားပွဲတစ်နေရာ၌ နှိုင်း ကို စောင့်နေတဲ့လူဆီသွားလိုက်သည် ။

" Hello Mr Mak "

အသက် ၄၀ အရွယ်လူဖြူနိုင်ငံကြားဟာ နှိုင်း ကို တွေ့တာနဲ့ ခုံပေါ်က ထ၍ ပြုံး၍ပင် လက်ဆွဲနှုတ်ဆက်ကာ ။

" Hello Lucas .. "

" ကျွန်တော်ပဲအချိန်မှတ်မှားသွားလား "

" Oh မမှားပါဘူး .. ကျွန်တော်စောထွက်လာလိုက်တာပါ .. သတင်းတွေကြားထားတဲ့အတိုင်းပဲ Mr Lu က အချိန်တိကျတာပဲ "

" အချိန်ကလူကိုမစောင့်တော့လဲ တန်ဖိုးရှိတယ်လေ ... ကဲ ကျွန်တော်တို့လုပ်ငန်းကိစ္စလေးဆွေးနွေးရအောင် .. "

" OK .. "

အလုပ်မှာအာရုံအပြည့်အဝစိုက်ကာ တဖက်လူကြီးနဲ့အပြိုင်အရှိန်အဝါရှိပြီး ရင်ပေါင်တန်းအလုပ်လုပ်နေတဲ့ နှိုင်းသုတ ကြောင့် တဖက်လူကြီးတောင် အနည်းငယ်ရှိန်သွားရသည် .. ဒါ့အပြင် နှိုင်းသုတ ရဲ့ အသွင်အပြင်မှာ တဖက်စားပွဲဆီက ယောက်ကျား မိန်းမအားလုံးရဲ့လိုချင်တဲ့စံနှုန်းကိုချိုးဖြတ်နိုင်သည် ။

အခုလက်ရှိ ဒီလူကြီးဟာ Mr Mak လို့ခေါ်ပြီး နှိုင်းသုတ ရဲ့ ပန်းချီပြခန်းတွင် လွန်ခဲ့တဲ့ ၃ နှစ်က စလို့အလုပ်တွဲလုပ်ခဲ့သည် ။

သို့သော် အလုပ်တွဲလုပ်ခဲ့စဉ်တလျှောက်လုံးမှာ နှစ်ယောက်လုံးရဲ့အတွင်းရေးမူးတွေနဲ့အလုပ်လုပ်ခဲ့တာမို့ အခုတွေ့ရတာတောင် နှိုင်းသုတ တို့ချင်း မရှင်းမဖြစ်တဲ့လုပ်ငန်းကိစ္စကြောင့်သာ ပထမဆုံးအကြိမ်တွေ့ဆုံခြင်း ။

ကိုကိုရဲ့ကလေးငယ် S3 [ Completed ]Where stories live. Discover now