Arc(2.19 - 2)

7.5K 1.3K 9
                                    

Unicode

Arc(2.19 - 2)

သံချပ်ကာနဂါးရဲ့မျက်လုံးကလူဆယ် ယောက်ကျော်ပါဝင်တဲ့အဖွဲ့ကိုမြင်တဲ့ အခါအလျင်အမြန်ပင်ကြောက်စရာ ကောင်းသည့်အလင်းတစ်ချက်ဖြတ် ပြေးသွားခဲ့ပြီးမှော်သားရဲကသူ့ပါးစပ် ကိုဖွင့်ကာထက်ရှသည့်သွားများကိုဖော် ပြလိုက်၍သူတို့ဆီတစ်ဟုန်ထိုးပြေးဝင် လာတော့သည်။

"သေသေချာချာတိုက်ကြငါတို့ရဲ့ ကုန်ပစ္စည်းတွေနဲ့မနီးကပ်စေနဲ့!"

အမာရွတ်နှင့်လူလတ်ပိုင်းကြီးက အော်လိုက်ပြီးလူအုပ်ကိုခေါင်းဆောင် ကာသူ့ဓားရှည်ကိုဆွဲထုတ်၍စတုတ္ထ အဆင့်မှော်သားရဲသံချပ်ကာနဂါးဆီ ပြေးဝင်သွားလိုက်သည်။

အဲလ်ဗစ်သည်လည်းသူ့မှော်ကိရိယာ ကိုဆွဲထုတ်လိုက်ပြီးသူ့ပါးစပ်ကမှော် စာလုံးများကိုစတင်ရေရွတ်လိုက်သော အခါမရေမတွက်နိုင်သည့်နွယ်ပင်များ ကချက်ချင်းပင်မြေပေါ်မှာပေါက်လာခဲ့ ကာသံချပ်ကာနဂါးမှော်သားရဲရဲ့ခန္တာကိုယ် ကိုတင်းကြပ်စွာတုတ်နှောင်လိုက်၍သူ့ လှုပ်ရှားမှုများကိုနှေးကွေးစေလိုက်သည်။

လူလတ်ပိုင်းကြီးကသူ့ဓားရှည်ဖြင့် သံချပ်ကာနဂါးရဲ့ခန္တာကိုယ်ကိုထိုးလိုက် ပြီးမှော်သားရဲရဲ့အပြင်ဘက်အကြေးခွံ အပြင်ဘက်အလွှာကိုထိုးလိုက်မိသော ကြောင့်ဓားဖြင့်ရိုက်ခတ်မိသည့်မီးပွား များချက်ချင်းပင်တစ်လက်လက်တောက် ပသွားကာကျယ်လောင်သည့်ထိခိုက်မိ သံကြီးပေါ်လာခဲ့သည်။

မှော်သားရဲမှာသူ့ကိုဒဏ်ရာရစေသည့် လူလတ်ပိုင်းကြီးရဲ့လှုပ်ရှားမှုကြောင့် အလွန်ဒေါသထွက်သွားပြီးသူ့မျက်လုံး များကကတ္တီပါနီရောင်အလင်းရောင် များဖြာထွက်လာကာသူ့ခေါင်းကိုမြင့်၍ ကျယ်လောင်စွာဟိန်းလိုက်လေသည်။ ထို့နောက်အားဖြင့်ခြေထောက်ကိုစောင့် ချလိုက်သည့်အခါသူ့ခန္တာကိုယ်ကိုတုတ် နှောင်ထားသည့်နွယ်ပင်အများစုက ကျိုးပြတ်သွားရသည်။

မှော်သားရဲကသူ့ကိုယ်နောက်မှအမြှီး ကိုဝှေ့ယမ်းလိုက်ပြီးသူ့ကိုဒဏ်ရာရစေ သည့်လူလတ်ပိုင်းကြီးအားတိုက်ခိုက် ချင်ပုံရသည်.

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now