Part 14(unicode)

7.9K 1.3K 46
                                    

Chapter 14;ကိုယ့်ကိုယ်ကို ရှက်ဖို့ကောင်းတယ်လို့ မခံစားရဘူးလား။

Busကားသည်သချိုင်းမှတ်တိုင်မှမြို့လယ်
ခေါင်မှတ်တိုင်ဆီ ပြေးဆွဲနေလျှက်ရှိသည်။

မှတ်တိုင်နှစ်ခုမကျော်ခင် ကုဖေးအိပ်ပြီးလိုက်လာခဲ့သည်။သူ့အိမ်နှင့်နီးတဲ့မှတ်တိုင် ရောက်သည့်အခါ သူ့မျက်လုံးများပြန်ပွင့်လာသည်။
အချိန်ကား ည၈နာရီဖြစ်၏။သူ ဖုန်းကို ထုတ်ကြည့်ပြီး ဖုန်းမျက်နှာပြင်ပေါ်မှာ ကျန်ချန်ဆီမှ မက်ဆေ့ချ်ဝင်,မဝင်ကို တစ်ချက်စစ်ကြည့်လိုက်တယ်။ဘာမက်ဆေ့ချ်မှမဝင်ထားချေ။

ကုမြောင် ပို့ထားသည့်မက်ဆေ့ချ် တစ်စောင်တည်းရှိ၏။
-ညစာ စားပြီးပြီ။

သူအိမ်ပြန်နောက်ကျသောရက်များတွင်ညစာ
ချက်ဖို့အချိန်မရှိ၍၊ထိုရက်များတွင် ကုမြောငသည်တိုက်လှေကားအောက်ထပ်ရှိအိမ်နီးနား
ချင်းဆိုင်များမှာသွားစားလေ့ရှိ၏။ထို့ကြောင့်လကုန်ရက်တိုင်း အိမ်ဆိုင်များကိုငွေရှင်းပေးရသည်။ တစ်ခါတစ်ရံ စိတ်ကူးပေါက်ချိန်မျိုးဆိုလျှင်သူတို့အမေသည်ထမင်းတစ်နပ်ချက်ကျွေးလေ့ရှိသည်။သူမလက်ရာကကောင်း၍
သူတို့နှစ်ယောက်လုံးကြိုက်ပေမဲ့ထိုအချိန်မျိုးသည် အရမ်းကြုံတောင့်ကြုံခဲ၏။

ကုဖေး စာပြန်လိုက်သည်။

-မင်း အောက်ထပ်ဆိုင်မှာသွားစားတာလား...

-အင်း။

သူဖုန်းကိုအိပ်ကပ်ထဲပြန်ထည့်ပြီး၊Busကား
ပေါ်မှ ဆင်းဖို့ရန်အတွက် busကားတံခါးနားသို့လျှောက်သွားလိုက်တယ်။ကောင်မလေးသည်တစ်နေ့တစ်ခြားအေးစက်လာပြီး၊သူမဆီမှ မက်ဆေ့ချ်များကိုရွှေလိုတန်ဖိုးထားနေရသည်။

သူတို့ဇာတိမြို့တွင်ည၈နာရီဆိုသောအချိန်ကိုနောက်ကျနေပြီသတ်မှတ်၍ရ၏။လမ်းမကြီးတစ်လျှောက်ဖွင့်ထားတဲ့စတိုးဆိုင်များတောင် ပိတ်သွားပြီဖြစ်သည်။ရံဖန်ရံခါ တစ်ယောက်
ယောက်အပြင်ထွက်ပြီး ဖဲသွားရိုက်လေ့ရှိကြသည်။မိသားစုစတိုးဆိုင်ဆီဦးတည်၍ကုဖေး လမ်းလျှောက်လာစဥ်တွင်၊ဆိုင်ဝင်ပေါက်ရှေ့တွင် မတ်တပ်ရပ်နေသည့်လူတစ်ယောက်ကို လှမ်းမြင်လိုက်ရ၏။မှိန်ဖျဖျလမ်းမီးအောက်တွင် ထိုလူက အအေးသက်သာအောင်ခုန်ဆွ
ခုန်ဆွလုပ်နေမှန်း သူ အတပ် ပြောနိုင်သည်။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now