အပိုင်း-၄၆ (Unicode)

6.8K 909 159
                                    


ဝေရှိရာ ဆေးရုံအခန်းလေးကို ရောက်သည်မှာ သုံးကြိမ်မကတော့သည့်တိုင် အခန်း၏အဲလ်ကွန်းလေသည် အေးစိမ့်စွာဖြင့် မင်းဉာဏ်ကို ကြိုဆိုလေမြဲ။ တံခါးတွန်းဖွင့်သံကို ကြားလိုက်လျှင် ကြားလိုက်လေချင်း ဧည့်ခန်းထဲမှာ စာအုပ်ထိုင်ဖတ်နေတဲ့ သူနာပြုဆရာမလေးသည် မင်းဉာဏ်ကိုမော့ကြည့်လေသည်။

"သြော်။ရှင်။ ကျွန်မကစောင့်တောင်နေတာ။"

"အင်း။ဝေအိပ်နေလား။"

"မအိပ်ဘူး။ ရှိတယ်။"

ဆရာမလေးသည် ဖတ်လက်စ စာအုပ်ကို ခေါက်သိမ်းပြီး မင်းဉာဏ်နှင့်အတူ အတွင်းခန်းထဲကို လိုက်ဝင်လေသည်။ ဝေရဲ့ အခန်းလေးသည် အရင်အကြိမ်တွေကလို မပြောင်းမလဲနှင့် တိတ်ဆိတ်ခြောက်ကပ်နေဆဲ။ ဝေ့မိသားစုဝင်တွေ လာမကြည့်ဘူးလားလို့ သူနာပြုဆရာမလေးကို မေးမိပေမယ့် မအားလို့ အရေးကြီးခွဲစိတ်မူလုပ်တဲ့ ရက်တို့ဘာတို့လောက်မှသာ လာသည်ဟု သိရသည်။ ဒါကြောင့်လည်း မင်းဉာဏ်လာတဲ့အချိန်တိုင်း မတွေ့တာဘဲ ဖြစ်လိမ့်မည်။

ဝေ့ပုံစံကလည်း အဲ့အပေါ်သိပ်ပြီး ခံစားချက်ရှိနေသည့်ပုံမပေါ်။ အခုလည်း ဝေသည် ကုတင်ပေါ်မှာထိုင်နေပြီး ပြတင်းပေါက်အပြင်ကိုသာ ခပ်ငေးငေးကြည့်နေလေသည်။ ဝေ့မျက်နှာထားသည် ပုံမှန်မျက်နှာသေနှင့်ပင်။

"ဝေ။"

မင်းဉာဏ်လှမ်းခေါ်လိုက်တော့ ဝေက မင်းဉာဏ်ကို လှည့်ကြည့်လာလေသည်။

"ရောက်လာပြန်ပြီလား။"

ဝေ့အသံက အရင်နှင့်မတူဘဲ အနည်းငယ် အက်ရှရှနှင့်။ ရောက်ရောက်ချင်းကို ဝေဟာ ရင်ဝကို ခြေထောက်နှင့် ဆောင့်ကန်လိုက်သလိုပင်။ ခွဲစိတ်မူအောင်မြင်ပြီး ဝေ စကားပြန်ပြောလာနိုင်တာဟာ ကောင်းတယ်လို့ ပြောလို့ရမလို၊ ဆိုးတယ်လို့ ပြောရမလို။ အရင်က မင်းဉာဏ်ရောက်လာလျှင် မျက်မှောင်ကုတ်ပြီးတော့သာ ကြည့်သည်။ အခုစကားပြန်ပြောနိုင်တော့ စကားနှင့်ပါ ဆန့်ကျင်သည်။

"စကားတွေ အဲ့လောက်အများကြီး မပြောပါနဲ့။ မောနေပါ့မယ်။ ကိုယ်ဝယ်လာတဲ့ ဆန်ပြုတ်လေး သောက်လိုက်ဦး။ အစားသေချာပြန်စားနိုင်ပြီ မဟုတ်လား။"

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Where stories live. Discover now