Chapter-30

19K 1.6K 62
                                    

Unicode

သတိရခြင်းတွေကို မှော်သေတ္တာလေးထဲ
ထည့်လို့ သိမ်းဆည်းထားပါ့မယ်။
အသက်တွေကြီးရင့်လို့ အိုမင်းလာတဲ့အခါ
ဒီမှော်သေတ္တာလေးကို ပြန်ဖွင့်ကြည့်ကြတာပေါ့..။

************

သတိရခြင်းတွေအစား မောင့်ကိုချစ်တဲ့
စိတ်တွေနဲ့အစားထိုးပစ်မယ်။သတိရလိုက်
တာလို့ရေရွတ်နေမိမဲ့အစား မောင့်ကိုချစ်
လိုက်တာလို့ပြောင်းပြီး ရေရွတ်လိုက်တော့
မယ်။ငါ့ကိုယ်ငါကြားရုံလေးဆိုမိတယ်..
ဒီလိုလေ၊"ငါ့အချစ် မေတ္တာဓာတ်တွေနဲ့
နွေးထွေးလို့ မောင်ကျန်းမာပါစေ"ပေါ့။

"မောင့်ကို ချစ်တယ်"

ဟုတ်တာပေါ့..ဒါ သတိရမိတိုင်းရေရွတ်
ဖြစ်တာ။

"ဘာတွေ ရွတ်နေတာလဲ ကိုသု။
ထမင်းလည်း အခုထိမစားသေးဘူး"

ခေတ်ခေတ်ရော နေရှင်းပါ နေ့လည်စာ
လာစားပေးကြတာ။မောင်က ငါတစ်ယောက်
ထဲ မဖြစ်အောင်လို့ နေရှင်းနဲ့ခေတ်သွန်းကို
မှာခဲ့တာတဲ့။ခေတ်ခေတ်ပြောမှပဲ ထမင်း
ပန်းကန်ထဲကြည့်မိတော့မှ ထမင်းကအရာ
တောင် မရွင်းသေး။

"အစ်ကိုစားပါ့မယ်..ခေတ်သွန်းလေးလည်း
စားလေ"

"ဟုတ်"

"ခေတ်ခေတ် ဒီဟင်းလေး စားလို့ကောင်းတယ်"

နေရှင်းပြောရင်း ခေတ်ခေတ်ပန်းကန်ထဲကို
ထည့်ပေးလာသည်။ခေတ်ခေတ်က ဝမ်းသာ
အားရနဲ့ခေါင်းတသွင်သွင်ညိတ်လို့။

"ကျေးဇူးပါ။အစ်ကိုနေရှင်းလည်း စားနော်။
ခေတ်ခေတ် မာမားချက်ထားတဲ့ ဒီအမည်မသိ
တဲ့ ဟင်းလည်းစားကောင်းတယ်ဗျ"

အမည်မသိဟင်းတဲ့ ခေတ်ခေတ်ကြောင့်
ရယ်ရပြန်သည်။မောင်သာရှိရင် ပိုပျော်ဖို့
ကောင်းမှာ။ငါ့အတွက်တော့ မောင်က
မပါမဖြစ်။နေရှင်းဆို သဘောကျလွန်းလို့
ခေတ်ခေတ်ဆံပင်တို့ကိုလည်း ထိုးဖွကာ
ရယ်လာသည်။

"ဘာလို့ရယ်ကြတာလဲဟင် ခေတ်ခေတ်က
ဒီဟင်းနာမည်ကို မသိလို့လေ"

"ခေတ်ခေတ်လေးက ချစ်ဖို့ကောင်းတာကိုကွ"

"အာ အစ်ကိုနေရှင်းကလည်း ခေတ်ခေတ်
ရှက်တယ်"

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now