အပိုင်း-၄၇ (Unicode)

7.1K 941 205
                                    

"စိုင်းဝေယံရော။"

တံခါးကိုဖွင့်လိုက်လေချင်း ထက်မာန်ဦးရဲ့ မျက်နှာထားတည်တည်ကြီးနှင့် တင်းမာသော သံနေသံထားတို့ကြောင့် မိုးဝေရဲ့ မျက်ခုံးတို့က အနည်းငယ်ပင့်တက်သွားရသည်။ထိုအမူအရာသည် လုံးဝလန့်သွားပုံတော့ ဟုတ်ဟန်မတူ။

"အာ။ သူဧည့်ခန်းထဲမှာ။"

စိုင်းဝေယံသည် ခြေထောက်အနည်းငယ်မျှ သက်သာနေပြီဖြစ်လေရာ ဆေးရုံကနေ ဆင်းပြီး သူ့ရဲ့ ဆေးကုထုံးတချို့ ပြီးတဲ့ အထိ မိုးဝေနှင့် အတူနေ,နေလေသည်။ မိုးဝေကလည်း တစ်ယောက်တည်း နေတဲ့သူမို့ စိုင်းဝေယံကို ဝမ်းပန်းတသာပင် လက်ခံထားလေသည်။ ဒါကိုသိတာမို့လည်း ထက်မာန်ဦး မိုးဝေအိမ်ကို တိုက်ရိုက်တန်းလာခဲ့ခြင်းဖြစ်လေသည်။

"မင်းရဲ့ Mood ကသိပ်မကောင်းတဲ့ပုံဘဲနော်။ ငါတို့ကိုတောင် ဖုန်းကြိုမဆက်ဘူး။အပြင်ထွက်တာ ဘာတွေနဲ့များ ကြုံရင်.."

မိုးဝေသံဗန်းတံခါးသော့ခတ်ထားတာကိုဖွင့်ပေးရင်းမှ ထက်မာန်ဦးကို တစ်ချက်အကဲခတ်မိသည်။ သို့သော် မိုးဝေစကားကိုပင် ဆုံးအောင် မပြောလိုက်ရပါ။

"အဲ့ခြေကျိုးနေတဲ့ကောင်ကတော့ ဘယ်လိုဖြစ်ဖြစ် အိမ်မှာဘဲ ရှိနေမှာမဟုတ်လား။"

"ဆေးရုံသွားတဲ့အချိန်တွေလည်းရှိတယ်လေ..။"

"သူသွားတာက မနက်ပိုင်းတွေ။ ငါသိတယ်။"

ထက်မာန်ဦး ဖြေလိုက်သည်နှင့်တပြိုင်နက် သံဗန်းတံခါးကလည်း ပွင့်သွားလေသည်။ ထက်မာန်ဦး အထဲကို ဝင်လိုက်သည်နှင့် တီဗွီမျက်နှာပြင်ပေါ်က ပုံရိပ်ယောင်တွေကို စိတ်ဝင်တစား ကြည့်နေတဲ့ စိုင်းဝေယံကို တွေ့လိုက်ရလေသည်။ စစ်သားဝတ်စုံတွေနှင့် တိုက်ပွဲဖြစ်နေတဲ့ ပုံရိပ်တွေက ပေါ်လာတာမို့ ကြည့်ရတာတော့ အမေရိကန် စစ်ကားတစ်ကောင်း ဖြစ်ပုံရသည်။ ထိုရုပ်ရှင်ကို စိတ်ဝင်စားနေတဲ့ စိုင်းဝေယံသည် ထက်မာန်ဦး ရောက်နေတာကိုပင် သတိထားမိပုံမပေါ်။

"ငါမင်းအတွက် အအေးသွားဖျော်လိုက်ဦးမယ်။"

မိုးဝေက တံခါးကို သော့ခတ်၊ ပြန်ပိတ်ပြီး အနားမှ ထွက်ခွာသွားလေသည်။ မိုးဝေရှောင်ထွက်သွားတာကိုပင် ကျေးဇူးတင်လိုက်မိသည်။ အခုစိုင်းဝေယံနဲ့ ရှင်းစရာရှိတာလေးတွေ လွတ်လွတ်လပ်လပ် ရှင်းလို့ရပြီ။

AFFECTION-နှောင်ကြိုး(နှောင်ကြိုး)Where stories live. Discover now