အပိုင်း ၁၄၀+၁၄၁

1.8K 174 5
                                    

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

အပိုင်း ၁၄၀။

သုံးရက်ကြာပြီးနောက်.....

လုချင်းယီတစ်ယောက်....ရေချိုးခန်းထဲမှာ သူမကိုယ်သူမ ပြန်စိုက်ကြည့်နေ၏။ သူမရဲ့ ရှပ်အင်္ကျီကို လှန်တင်လိုက်တော့.....လပိုင်းတောင် မကြာသေးဘဲ ပြောင်းလဲလာတဲ့ သူမရဲ့ ဗိုက်ကိုကြည့်ပြီး မှင်တက်သွားရသည်။

အရင်က ဗိုက်ခေါက်သေးသေးလေးသာရှိတဲ့ နေရာမှာ အခုတော့ ကလေးတစ်ယောက်ရဲ့ ဗိုက်ခေါက်လိုမျိုး ပြောင်းလဲလာခဲ့၏။ မဒမ်ရှန်းက ကလေးရှိတယ်လို့ ထင်တာလည်း မဆန်းပါဘူးလေ....

ချောကလက်ဖြစ်စဉ်ပြီးကတည်းက.....ရှန်းရီက သူမကို တစ်နေ့မှာ နှစ်နပ်ပဲ စားဖို့ တိုက်တွန်းခဲ့သည်။ စျေးဝယ်ထွက်ရင်လည်း ချောကလက်ပါတဲ့ အစားအသောက်တွေ.... အာလူးကြော်တွေကိုလည်း ဝယ်ဖို့ ပိတ်ပင်ခံထားရ၏။

'ဘယ်လောက်တောင် ကသိကအောက်နိုင်လိုက်လဲ...'
သူမနှုတ်ခမ်းစူလိုက်၏။

ထို့နောက်...ရုတ်တရက် သူမခေါင်းထဲမှာ အတွေး တစ်ခုဝင်လာခဲ့သည်။

....

သူမ အိပ်ခန်းတံခါးကို ဖွင့်လိုက်တာနဲ့.....ကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ သူမယောင်္ကျားကို တွေ့လိုက်ရသည်။ လုချင်းယီ.... ပြုံးလိုက်ကာ...ပြေးပြီး သူ့ပေါ် ခုန်အုပ်လိုက်၏။
ငြိမ်သက်စွာ အိပ်ပျော်နေတဲ့ ရှန်းရီတစ်ယောက် စူးစူးဝါးဝါး အော်လာတော့သည်။

" လု..ချင်း..ယီ..! မနက်အစောကြီးပဲ ရှိသေးတယ်....ဘာလို့ ကလေးလို ဆော့နေတာလဲ...?''
စားပွဲပေါ်က နာရီကို ယူကြည့်တော့လည်း ၆နာရီပဲ ရှိသေးသည်။ ဟမ်...ပြန်အိပ်လို့ ရသေးတာပဲ....

လုချင်းယီ....မျက်စောင်းထိုးလိုက်၏။ တကယ်တော့ သူမက မနက်စောစော ရှန်းရီနဲ့ ပြေးချင်တာပင်။ ထို့နောက်....သူမရဲ့ ရှပ်အင်္ကျီကို ရင်ဘတ်အထိ ဆွဲတင်လိုက်ပြီး....

" ဒါတွေက တော်ရုံနဲ့ ကျမယ်မထင်ဘူး....''
သူမပြောလာ၏။

ရှန်းရီရဲ့ လက်က သူမရဲ့ ဗိုက်လေးဆီ ရောက်သွားကာ...

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၁)  ( ဘာသာပြန်- Zawgyi +Unicode)Where stories live. Discover now