Arc(2.20)

7.7K 1.3K 13
                                    

Unicode

Arc(2.20) - Saint Magus

နောက်ထပ်တစ်ရက်အလျင်စလိုခရီး ဆက်လာပြီးနောက်မှာနောက်ဆုံးတော့ မှော်သားရဲတောင်တန်းရဲ့အန္တာရယ်အများ ဆုံးအလယ်ပိုင်းဒေသမှထွက်ခွာလာနိုင်ပြီး အစွန်အဖျားဒေသသို့ရောက်ရှိလာကြသည်။

ယမန်နေ့ညကသူတို့စတုတ္တအဆင့်သားရဲ တစ်ကောင်နဲ့ထပ်ပြီးတွေ့ကြုံခဲ့ရသော် လည်းလူတိုင်းကအဲလ်ဗစ်ရဲ့ကာကွယ် စောင့်ရှောက်မှုအောက်မှာရှောင်ရှား နိုင်ခဲ့ကြသည်။

ဒီတစ်ခေါက်မှာတော့အဖွဲ့ကသူတို့ အလွန်အန္တာရယ်များတဲ့နေရာကိုရောက် သွားခဲ့တာတောင်မမျှော်လင့်ပဲဘာထိခိုက် မှုမှမတွေ့ခဲ့ရဘူးဖြစ်သည်။ဒါဟာအမာ ရွတ်နှင့်လူလတ်ပိုင်းကြီးကိုအလွန်စိတ် လှုပ်ရှားသွားစေသပြီးလူအုပ်နောက်မှ လမ်းလျှောက်နေသည့်အဲလ်ဗစ်နှင့်လီလျို ကိုကြည့်တဲ့သူ့မျက်လုံးများသည်လည်း စိတ်လှုပ်ရှားမှုများနှင့်ပြည့်နှက်နေသည်။

ဒီနှစ်ယောက်ကိုသာသူတို့ရဲ့အဖွဲ့ထဲမှာ ဆက်ထားထားနိုင်မယ်ဆိုရင်ဘယ် လောက်ကောင်းလိမ့်မလဲ....နှမြောစရာ ကောင်းတာကကြယ်လေးပွင့်အဆင့် မေးဂတ်စ်တစ်ယောက်ကသူ့တောင်းဆိုမှု ကိုလုံးဝလက်ခံမှာမဟုတ်ဘူးလေပြီးတော့ စွမ်းအားကြီးတဲ့ဆံပင်ငွေရောင်နဲ့လူငယ် လေးကလည်းအမြဲတမ်းသူ့နောက်လိုက် ပြီးသူ့ကိုကာကွယ်ပေးနေတာဆိုတော့ အဲ့ဒီမေးဂတ်စ်နဲ့စာချုပ်ချုပ်ထားတဲ့သူရဲ ကောင်းဖြစ်ရမယ်။

နောက်ဆုံးပြောရရင်တိုက်ကြီး တစ်ခုလုံးကလူတိုင်းသိကြတာ မေးဂတ်စ်ပညာရှင်တွေကအရမ်း အစွမ်းထက်ကြပေမယ့်သူတို့ခန္တာကိုယ် တွေကပျက်စီးလွယ်ပြီးသူတို့ကိုကာကွယ် နိုင်မယ့်သန်မာတဲ့သူရဲကောင်းမရှိဘူး ဆိုရင်အနီးကပ်တိုက်ခိုက်မှုတွေမှာလုံးဝ ခုခံနိုင်မှာမဟုတ်ဘူးဆိုတာပဲ။

ဒါပေမဲ့ဒီရက်ပိုင်းအတွင်းသူ့ရဲ့လေ့လာ စမ်းစစ်မှုတွေအရတော့ဒီမေးဂတ်စ်နဲ့ သူရဲကောင်းကြားကဆက်ဆံရေးက မရိုးရှင်းဘူးလို့ခံစားနေရတယ်။သူ့ထင် မြင်ချက်အရသူတို့ရဲ့ဆက်ဆံရေးက သခင်နဲ့နောက်လိုက်ဆက်ဆံရေးတင် မကပဲ...နည်းနည်းပိုပြီးအဓိပ္ပါယ်နှစ်ခွ ဖြစ်နေသလိုဝေဝါးနေသလားလို့...

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now