အပိုင်း၁၃(Unicode)

1.5K 121 11
                                        

"အိပ္လို ့ကောင်းလိုက်တာ"

နာရီကိုကြည့်တော့ နံနက်၇နာရီ
ခြံရံနိုးနေကြအချိန်ရေမိုးချိုး
ဆေးခန်းသွားဖို ့ပြင်ဆင်ပြီး
နံနက္စာစားဖို ့ဆင်းလာတယ်

"သခင်လေး ဘာစားမလဲ"
ခြံရံကြည့်လိုက်တော့ စားပွဲပေါ်မှာ
နိုင်ငံခြားမုန် ့မျိုးစုံ ခြံရံသက်ပြင်းသာချမိတော့သည်။

"ဟင်း!!ဟိုလေ အန်တီကြည် ကျနော်
ငပိရည်ကိုထမင်းနဲ ့နယ်ပြီး အကြော်နဲ ့စားချင်တယ်"

"သခင်လေးရယ် သခင်ကြီးသိရင်
အန်တီတော့ဆူခံရတော့မှာဘဲ
သခင်ကြီးက အဲလိုလမ်းဘေးစာတွေ
အိမ်ပေါ်တင်တာမကြိုက်ဘူး"

ထိုစဉ် သခင်ကြီးထမင်းစားခန်းထဲရောက်လာပြီး
"အဆင့်မရှိတဲ့လမ်းဘေးစာတွေ စားချင်ပြန်ပြီလား
အဲလိုတန်ဖိုးမရှိတာတွေစားပြီး မင်းကတန်ဖိုးမရှိတဲ့ကောင်ဖြစ်နေပြီ'"

"ဆရာဝန္မို ့လို ့အထူးကုဆေးရုံ
ဆောက်ပေးမယ်ဆိုတော့လဲ မဟုတ်ရပြန်ဘူး
ကိုယ့်အတွက်ဘာမှမရ ဘာမဟုတ်တဲ့လူတွေကိုကုပြီး
တသက်လုံး လူတောတိုးမဲ့ကောင်မဟုတ်ဘူး"

"နေတော့ အန်တီကြည် ကျနော်မစားတော့ဘူး"

ထထွက်သွားတော့မဲ့ ခြံရံကိုသခင်ကြီးက

"ပြန်ထိုင်စမ်း မင်းယံ ဟိုကောင်ကိုကော်ဖီဌဲပေးလိုက်"

"သောက်သွား မင်းပိုက်ဆံနဲ့မင်းဆို
ဒီလိုနိုင်ငံခြားကော်ဖီကို
အနံ ့တောင်ရှုနိုင်မှာမဟုတ်ဘူး"

ကိုယ်တိုင်ကလဲ ဖေဖေကိုမလွန်ဆန်နိုင်
ဆက်ပြောနေရင် စကားဆက်များမည်
ဆိုးသောကြောင့် ခြံရံကော်ဖီကို
မြန်မြန်မော့သောက်လိုက်သည်။

"မင်းယံ ဟိုကောင်ကိုလိုက်ပို ့လိုက်"

"နေပါစေ ဖေဖေ
ကျနော်မှာခြေထောက်တွေပါတယ်
ကိုယ့်အားကိုယ်ကိုးနိုင်ပါတယ်
တန္ဖိုးမရွိတဲ့ ကျနော့်ကြောင့်
ဖေဖေ ကားအကောင်းစားကြီးရဲ ့
ဆီတွေကုန်ကုန်ပါ့မယ် "
ပြောရင်းခြံရံထွက်သွားလေသည်။

"ပြာပုံတိုးချင်တဲ့ကောင်"

ဆရာဝန်စလုပ်တဲ့နေ ့ကစျပီး
ဖေဖေနဲ ့စကားမများတဲ့နေ့ဆိုတာမရှိသလောက်ဘဲ
မနက္စာကလဲ မစားလိုက်ရ
စိတ်ညစ်ညစ်နဲ ့ တွေးငေးကာလမ်းလျှောက်နေတုံး
လက်ထဲက အိတ်လေးကို ဆိုင်ကယ်နဲ ့လူက
အလစ်သုတ်သွားလေသည်။

အိုအေစစ်(Complete)Donde viven las historias. Descúbrelo ahora