Part 17(unicode)

7.3K 1.4K 125
                                    

Chapter 17; သို့သော် တစ်ပါးသူ၏စိတ်ဒဏ်ရာကိုချောင်းမြောင်းကြည့်ရှုခြင်းကား။

ကုဖေးသည် ကောင်တာနောက်မှာထိုင်ပြီးဖုန်းသုံးနေရင်း၊ ပစ္စည်းစင်နားမှာဝေ့လည်ကြောင်
ပတ်လုပ်နေတဲ့ လီပေါင်ကော်ကိုလည်း ကြည့်
နေရသည်။လီပေါင်ကော်ကဘာစိတ်ကူးမှမရှိသကဲ့သို့ ပစ္စည်းစင်နားတွင် ရှေ့နောက်ခေါက်
တုံ့ခေါက်ပြန်လျှောက်၍ ကုဖေးကိုလည်းတစ်
ချက်တစ်ချက် လှမ်းကြည့်နေ၏။

လီပေါင်ကော်သည် သူ့ဆိုင်ကို လာချိန်တိုင်း တစ်ခုမဟုတ်တစ်ခုခိုးသွားတတ်တာကြောင့် ကုဖေး သူ့ကို မျက်စိဒေါက်ထောက်ကြည့်နေမိသည်။ဒါပေမဲ့ သူ လီပေါင်ကော်ကိုလိုက်ပြီးကြည့်သော်ငြား သိသိသာသာလိုက်ကြည့်နေတာမျိုး မဟုတ်။ အခန့်မသင့်လျှင် ကျန်ချန်ရောက်ချလာနိုင်၏။

လီပေါင်ကော်ကသူခိုးတစ်ယောက်မဟုတ်ပေမယ့်၊ လောင်းကစားဝိုင်းမှာ ပိုက်ဆံကုန်သည့်အချိန်တိုင်း၊ သူ့စတိုးဆိုင်မှာအကြွေးလာဝယ်လေ့ရှိသည်။သူတို့မြို့မှာနေသည့် လူအများစုသည် ဆင်းရဲသောအခြေခံလူ့ အသိုင်းအဝိုင်းမှလာသည့် လူတွေဖြစ်သည့်အတွက်ကြောင့်
အကြွေးဝယ်ခြင်းအမှုက မကြာခဏဖြစ်လေ့ရှိသည်။လီပေါင်ကော်က အကြွေးဝယ်သည့်
အပြင် တစ်ခုမဟုတ်တစ်ခုကိုလည်း ခိုးသွားဖို့စဥ်းစားနေတတ်သည်။

"သဖေး။"
လီပေါင်ကော်က လက်ထဲမှာ ဂွမ်းကပ်အနွေး
ထည်ကိုကိုင်ထားပြီး၊ ရေခဲသေတ္တာထဲမှ ငါးအသားလုံးတစ်ထုပ်ယူ၍ ငွေရှင်းကောင်တာဆီသို့ လျှောက်လာသည်။
"ဒါတွေအားလုံး နောက်နှစ်ရက်နေမှ ပိုက်ဆံလာပေးမယ်နော်။ အရင်တစ်ခေါက်ယူထား
တာနဲ့ပေါင်းပြီး တွက်လိုက်။"

"အိုကေ။"
ကုဖေးသည် အံဆွဲထဲမှမှတ်စုစာအုပ်ကိုထုတ်ပြီး လီပေါင်ကော်နာမည်နှင့်စာရွက်ကို လှန်၍
စာရင်းချရေးလိုက်တယ်။
"ငါးအသားလုံးတစ်ထုပ်၊နွီအာအရက်တစ်လုံး။"

လီပေါင်ကော်က အံ့သြတကြီးနှင့်လှမ်းပြောလာသည်။
"ဘာလဲ,ငါ အရက်ပုလင်း မယူဘူး။"

"အရက်ပုလင်းက ခင်ဗျားအိပ်ကပ်ထဲမှာ။"
ကုဖေး သူ့ကိုပြန်ဖြေလိုက်တယ်။
"ဦးလေးလီ , ခင်ဗျား အရက်လျော့သောက်သင့်တယ်။ခင်ဗျားက ကိုယ်ယူတဲ့ပစ္စည်းကိုတောင် မမှတ်မိတော့ဘူး။ "

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now