စာစဉ် ၂ ( ၁၁ - ၂၀ )
6.1K 716 33
အခန်း ၁၁ : လှည့်ဖြားမှုအသေးလေးက ပေါ်သွားတယ် (1)
“အစ်မကူ”
ခေါ်လိုက်သည့် သူက
ချင်းကျီအိုက်နောက်ကျောကိုသာ မြင်ရတာမို့ အသံအနေအထားက မသေမချာ ။
သူမလးသည်ကတော့
မတွေ့ချင်သည့် သူနဲ့ မှ ဒဲ့တိုးနေရခြင်းမို့ ခေါင်းတောင်ကိုက်ချင်ချင် ။
သူမ မကြားချင်ယောင်ဆောင်ကာ ခြေလှမ်းတွေကို အရှိန်မြင့်လိုက်ပြီး ထိုပြဿနာ စက်ကွင်းကနေ တတ်နိုင်သလောက် မြန်မြန် ထွက်သွားဖို့ လုပ်လိုက်မိ၏ ။
သို့သော်.. ခုဏက ခေါ်သည့်လူက သူမ မကြားဘူးအထင်နဲ့
အသံကို ထပ်မြှင့်ပြီး ခေါ်လာပြန်လေရကား 
ဘယ်လိုမှ မကြားချင်ယောင်ဆောင်လို့ မဖြစ်တော့ချေပြီ... ချင်းကျီအိုက်ဆီကို လျှောက်လှမ်းလာနေသည့် ထိုဒေါက်မြင့်ဖိနပ်သံသည် ပိုပိုပြီးနီးကပ်လာလေပြီ..
ချင်းကျီအိုက် ရင်ဆိုင်မှ ဖြစ်တော့ပေမည် ။ မျက်မှောင်ကြုတ်လိုက်မိပြီးနောက် အပြုံးမျက်နှာကို ဆင်မြန်းလိုက်ရင်း အနောက်ကို လှည့်လိုက်၏ ။
“ချန်းချန်း”
“တကယ်ကို အစ်မရှောင်ကူပဲကိုး ..ခေါ်နေတာကို လှည့်မကြည့်တော့ လူမှားတယ်တောင် ထင်သွားတာ”
လျန်ဒေါ့ကူနဲ့ကျန်းချန်းချန်းသည် ခဏခဏ တွေ့ဖူးကြသဖြင့် သူမနဲ့စကားပြောရင် သေချာပေါက် သူမကို အရှက်ရအောင် လုပ်လိမ့်မည်ဆိုတာကို ကျန်းချန်းချန်း ကောင်းကောင်း သိနေ၏ ။
သူတို့ ညီအစ်မတွေရဲ့ပုံစံသည်ကား ဘယ်လောက်ပင် ရန်ဖြစ်ချင်နေကြလဲ အပြုံးမပျက်ခြင်းပင် ။
“ဒီမှာက လူတွေနည်းနည်းရှုပ်နေလို့ မကြားလိုက်တာ”
ကျန်းချန်းချန်းသည် ထိုကိစ္စနဲ့ ပြဿနာရှာတော့မည်ဟု ထင်ထားလိုက်သော်လည်း ဒီတစ်ချိန်မှာတွင်
သူမက ကောင်းကောင်းမွန်မွန်ပဲ ပြန်ပြောလာသည် ။
“အင်း...ဆူ‌တော့ဆူသားနော်”
ထို့နောက် ကျန်းချန်းချန်းသည် သူမလက်မောင်းကို ဆွဲလာပြီး ခုဏက ကျန်းချန်းချန်းနဲ့ စကားဝိုင်းကျနေသည့် အဖွဲ့ဆီ ခေါ်လာလေသည် ။