Part 19(unicode)

7.5K 1.2K 59
                                    

Chapter 19;ဘယ်အချိန်မှ လွတ်မြောက်နိုင်မည်လဲ မသေချာပေမယ့်။

ကုဖေး ဘက်စကတ်ဘောကစားဖို့သဘောတူလိုက်တာကို လောင်ရွှိ သိသွားလျှင်၊ သူသည်ကုဖေးပေကျင်းတက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ အောင်သွားသလိုမျိုးစိတ်လှုပ်ရှားနေမည်ကို ကျန်ချန် ကြိုတင်ခန့်မှန်းမိသည်။

နေ့လည်အတန်းချိန်ပြီးတဲ့အခါလောင်ရွှိသည် သူရွေးချယ်ထားသော လက်ရွေးစင်ငါးဦးကို
ရုံခန်းထဲသို့လာဖို့ ခေါ်လိုက်၏။

ကျန်ချန် ယခုမှကောရွှိနှင့်လုရှောင်ပင်းတို့ကိုနာမည်နှင့်မျက်နှာတွဲမိခြင်း ဖြစ်သည်။

ဝမ်ရွှိက မေးလိုက်၏။
"အရံကစားသမားမပါဘူးလား။အချိန်ပြည့် ကျွန်တော်တို့ ငါးယောက်တည်း ကစားရမှာလား?။"

လောင်ရွှိက ပြန်မေးလာသည်။
"မင်းရဲ့အတန်းဖော်ထဲမှာ ကစားဖို့အတွက်အရည်အချင်းရှိတဲ့လူကောရှိလား။အသင်းခေါင်းဆောင်နေရာကို......"

လောင်ရွှိ ထိုစကား ပြောချိန်တွင် သူ့အကြည့်တွေသည် ကုဖေးဆီမှာလူးလားပျံခတ်နေ၏။ ဒါပေမဲ့ ကုဖေးက ရုပ်တည်တည်ဖြင့် ဝမ်ရွှိကိုလက်ညိုးထိုးပြလိုက်သည်။
"သူ...."

ဝမ်ရွှိက အင်တင်တင်ဖြစ်နေသည့်မျက်နှာနှင့် ကုဖေးကိုလှည့်ကြည့်လာသည်။
"Yahh,ငါက မကျွမ်းကျင်ဘူး။ ငါ အသင်းခေါင်းဆောင် မလုပ်ဘူး။အာ,ခေါင်းဆောင်လုပ်ရတာစိတ်ရှုပ်ဖို့ကောင်းတယ်။ "

ကျန်ချန် သူ့ပုံစံကြည့်ပြီးရယ်ချင်လာတယ်။
ဝမ်ရွှိ၏သရုပ်ဆောင်မှုက ချာတူးလန်နေ၏။

"ဒါဆိုလည်း ဝမ်ရွှိပေါ့။မနက်ဖြန် လေ့ကျင့်ရေးစမယ်။ "
လောင်ရွှိက စားပွဲပေါ်မှဘက်စကတ်ဘောလုံး ကို ယူပြီး ဝမ်ရွှိကိုပစ်ပေးလိုက်သည်။
"ဒီဘောလုံးက အကောင်းစားနော်။ မင်းတို့ အတွက် အားကစားရုံထဲက ပစ္စည်း ထားတဲ့အခန်းမှာဘောလုံးသွားကြည့်ခဲ့သေးတယ်။ ဒါပေမဲ့ ဘောလုံးတွေက သိပ်မကောင်းဘူး။
ဒါကြောင့် ငါ အသစ် တစ်လုံး ဝယ်ခဲ့တယ်။ ဘောလုံးအသစ်ကို ပွဲမှာကောင်းကောင်းသုံးကြ။လေ့ကျင့်ဖို့ဆိုပေမဲ့,ကောင်းတဲ့ဘောလုံးမျိုးပဲ သုံးသင့်တယ်။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now