Arc(2.22-2)

7.8K 1.3K 46
                                    

Unicode

Arc(2.22-2)

"အဲလ်ဗစ်ငါအိပ်ငိုက်နေပြီ"

လီလျိုကသူ့နဲ့အရမ်းနီးကပ်နေသည့် အဲလ်ဗစ်ရဲ့မျက်နှာကိုကြည့်ရင်းသေသေ ချာချာစကားမပြောနိုင်ခင်မှာသူ့အသက် ရှုသံကထိုအချိန်လေးမှာခဏတဖြုတ် ရပ်တန့်သွားရသည်။

ဒါပေမဲ့အဲလ်ဗစ်ကတော့လီလျိုကို လွတ်မြောက်မယ်အြခွင့်အရေးမပေး နိုင်ဘူးလေ...အကြောင်းကတော့အကယ် ၍သူသာလွှတ်ပေးလိုက်ရင်ဒီလူက ကြောက်လန့်နေတဲ့သတ္တဝါသေးသေးလေး လိုသူ့အသိုက်ထဲပြန်ဝင်ပုန်းသွားလိမ့်မယ်. ..အဲ့ဒါကြောင့်လီလျိုကသူ့အပေါ်မှာရိုးသား မယ့်ဒီလိုရှားပါးလှတဲ့အခွင့်အရေးကိုသူ ဘယ်လိုများလက်လျော့လိုက်နိုင်ပါ့မလဲ

အဲလ်ဗစ်ကလီလျိုရဲ့စကားတွေကို မသိချင်ယောင်ဆောင်လိုက်ရင်း ဆက်မေးလိုက်သည်။

"မင်းခရစ်ကိုမုန်းလို့လား?"

လီလျိုရဲ့အသက်ရှုသံရုတ်တရက် ရပ်တန့်သွားရသည်။

သူ့အပြုအမူကဒီလောက်သိသာနေလို့လား?

လီလျိုမှာသူ့မျက်နှာပေါ်မှအမူအယာ ကိုဆက်မထိန်းထားနိင်တော့ဘူးလို့ ခံစားရသောကြောင့်အဲလ်ဗစ်အားပြုံး ပြရန်ကြိုးစားလိုက်ပြီးပြန်ဖြေလိုက်သည်။

"မဟုတ်ပါဘူး"

"အိုးအဲ့ဒီလိုလား?"

အဲလ်ဗစ်ရဲ့နက်ရှိုင်းပြီးနားထောင်လို့ ကောင်းလှသည့်အသံကလီလျိုရဲ့ နားထဲမှာပဲ့တင်ထပ်သွားရသည်။

"ငါမယုံဘူး"

လီလျိုမှာသူ့လည်ပင်းနားကအဲလ်ဗစ် ရဲ့အသက်ရှုသံနှင့်အဲလ်ဗစ်ရဲ့မေးခွန်းဆန် တဲ့စကားကိုထပ်ကြားရသောအခါ သူ့ဆံပင်များပင်ချက်ချင်းထောင်ထ မတတ်ဖြစ်သွားသည်။

"မင်းမယုံဘူးဆိုမှတော့ဘာလို့ဆက်မေး နေသေးတာလဲမင်းကငါ့ကိုဘာပြောစေ ချင်တာလဲ?"

အဲလ်ဗစ်ကခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး သူ့နှာခေါင်းထိပ်နဲ့လီလျိုရဲ့လည်ပင်းအား ညင်သာစွာပွတ်သပ်လိုက်လေသည်။သူ့ရဲ့ အဇူရာမျက်လုံးများကလည်းအောင်ပွဲ ခဲသည့်အလင်းများဖြင့်တောက်ပနေသည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now