Chapter-36

17.3K 1.4K 36
                                    

Unicode

​မောင့်ဂရုစိုက်မှုတွေအောက် တကမ္ဘာလုံး
အပိုင်စားရသလို မာန်တက်မိတော့ ဒါက
ကျေနပ်မှု။မောင်စိတ်ပေးတဲ့ ပန်းသီးစိတ်
မညီမညာလေးတွေဟာ ပန်းကန်ထဲမှာအစီအရီ။

"မောင် လက်ဓားထိမယ်လေကွာ။
တော်ပြီ မလှီးနဲ့တော့..ငါလည်းအများကြီးစား
မှာမှ မဟုတ်တာ"

​ပန်းသီးစိတ်မညီမညာလေးတွေက မောင့်
အတွေ့အကြုံကိုပြောပြနေခဲ့တာပဲ။
မတော်တဆ ဓားထိမှာလည်း စိုးရိမ်လို့
တားတော့ မောင်က လှီးလက်စ ပန်းသီးခြမ်း
ကို ကိုက်စားရင်းမှပြောသည်။

"ဒါဆို မောင်စားလိုက်မယ်။
ကိုကိုက မောင်စိတ်ပေးထားတဲ့ ပန်းသီး
စိတ်လေးကိုစား"

"အင်းပါ။မောင် ဓားကိုချထားလိုက်ဦးလေ။
လက်က ကိုင်မထားနဲ့"

မောင့်ကို ပြောရင်း ပန်းကန်ထဲ၌ သွားကြား
ထိုးတံနှင့် ထိုးစိုက်ထားသည့် ပန်းသီးစိတ်ကို
ယူစားဖို့ပြင်တော့ မောင်ကတားသည်။

"ခဏလေး ကိုကို။မောင် ခွံ့ကြွေးမယ်။
ဒါနဲ့ မောင့်မွေးနေ့မှာ အလှူသွားလုပ်ကြမယ်နော်"

"အင်း မောင်။မနက်ဖြန်ဆေးရုံဆင်းရမှာ
ဆိုတော့..မောင်အလုပ်ကနေပဲ တန်းလာမှာလား"

"မောင် မနက်ပိုင်းသွားပြီး လာခဲ့မယ်လေ။
ခေတ်သွန်းနဲ့မဖြူတို့ လာနေပေးလိမ့်မယ်။
ပန်းသီးလေး ထပ်စားပါဦး"

မောင် လှီးဖြတ်ပေးထားတဲ့ ပန်းသီးစိတ်
ငယ်လေးတွေဟာ မညီမညာ။ကဗျာမဆန်ပေမဲ့
မောင့်မေတ္တာတွေနဲ့ ကဗျာတစ်ပုဒ်လိုမျိုး
ဖြစ်နေခဲ့တယ်။

"မောင် ငါ့ခေါင်းကနာတယ်"

မျက်နှာငယ်လေးနဲ့ချွဲပြတော့ မောင်က
ပြုံးသည်။မချွဲပြတတ်ပေမဲ့ မောင်ဘယ်လို
တုံ့ပြန်မလဲဆိုတဲ့ သိလိုစိတ်ကြောင့် ချွဲမိပြန်သည်။

"ဥုံဖွ နာနေတာတွေ ပျောက်စေဗျာ"

ဒဏ်ရာနားကို ခပ်ဖွဖွအနမ်းပေးရင်း
မောင်ကချော့ပြောတာဖြစ်သည်။
လက်ကို ပြရင်း နာကြောင်း ထပ်ချွဲပြမိတော့
မောင်က ပြုံးနေပေမဲ့စိတ်မကောင်းပုံတော့
ပေါ်သည်။

ချစ်ရပါသောမောင် (ချစ်ရပါသောမောင် ){Completed}Where stories live. Discover now