Part 25 (သူတစ်ယောက်တည်းသာ)

3.1K 469 20
                                    

အပိုင်း ၂၅ ( သူတစ်ယောက်တည်းသာ)

"ရော့...မင်းအတွက်"

အမဲရောင်အိတ်တစ်ထုပ်အား ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည့်အသံသည် ထိုအလုံကာထားသည့် ပိတ်မြေအောက်ခန်းကြီးအား အနည်းငယ်တော့ဟိန်းထွက်သွားစေသည်။ ရှန်ဖန်းက ငါးပေနီးပါးမြင့်သောကျောက်တုံးကြီးပေါ်တွင် သူ၏ခြေနှစ်ဖက်ကိုတဖက်ပေါ်တွင်တဖက်တင်လျက်ချိတ်ကာ ထိုင်နေလေ၏။ သူနှင့်ဆယ်ပေခန့်အကွာတွင်တော့ ဝူနန်နယ်စားမင်းသည် သူ၏ကိုယ်ခန္တာအား ရှေ့သို့ကိုင်းညွန့်ကာ ခေါင်းကိုပင် မြေပြင်နှင့် ထိကပ်လျက် အရိုအသေပြုနေလေ၏။ သူ၏ပုံဏံကမူ အနည်းငယ်တော့ တုန်ယင်နေသည်။

ပြုတ်ကျလာသော ထိုအမဲရောင်အထုပ်လေးတစ်ထုပ်ကို ဝူနန်နယ်စားက ခေါင်းကို ငုံ့ထားလျက်ပင် အမြန်လှမ်းယူလိုက်သည်။ သူက ရှန်ဖန်းကို မဝံ့မရဲတစ်ချက်ကြည့်ရင်း ခေါင်းတညိမ့်ညိမ့်ဖြင့်​ပင်

" ကျေးဇူးကြီးမားလှပါတယ် ။ ကျေးဇူးကြီးမားလှပါတယ် ။ သခင်ရှန်..."

ဝူနန်နယ်စားမင်း၏ အထုပ်ကိုကိုင်ဆွဲထားသောလက်များသည် တုန်ယင်ကာနေလေ၏။ ထို့အပြင် သူ၏လက်နှစ်ဖက်လုံးရှိ သွေးကြောများသည် အနက်ရောင်သဏ္ဍာန်ပြောင်းလဲကာ ထကြွနေကြသည်။ သွေးကြောများက မြင်မကောင်းလောက်အောင်ပင် သူ၏ မျက်နှာတွင်ပါ ထင်ဟပ်နေကာ မြင်ရသူအဖို့တော့ ကြောက်စဖွယ်ကောင်းနေလေ၏။ တုန်ယင်နေသော လက်တို့က ထိုအထုပ်ကိုဖွင့်နိုင်ရန်ကြိုးစားနေကြသည်။ အထဲတွင်ရှိသော စိမ်းပုတ်ရောင်ဆေးလုံးများက ဆယ်လုံးခန့်လောက်တော့ရှိလိမ့်မည်။

ဝူနန်နယ်စားက ချက်ချင်းပင်ထိုဆေးလုံးများထဲမှတစ်လုံးကိုအမြန်ယူလိုက်ပြီး မော့ကာမြိုချပစ်လိုက်သည်။ ကျန်ဆေးလုံးများကို သူ့တွင်ပါလာသော ကြွေဖြင့်ပြုလိုက်ထားသည့် ပုလင်းအသေးလေးထဲသို့ ထည့်လိုက်လေ၏။ ဆေးကိုမြိုချလိုက်သည်နှင့်တစ်ပြိုင်နက် သူ့တွင်ထွက်ပေါ်နေသော အနက်ရောင် သွေးကြောများမှာ ပျောက်ကွယ်သွားပြီး မူလပုံစံအတိုင်းပြန်ဖြစ်သွားလေတော့၏။

LOVE, BUT HURT (Season 3)_ The Last Begin_[Completed] Where stories live. Discover now